Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၌ တောင်ကမ်းပါးယံပဲ့ကျပြီး ရေမဆေးတစ်ဦး ဒဏ်ရာရ

ရေမဆေးသမားအချို့က တောင်းကမ်းပါးယံကိုကြိုးဖြင့်ခိုဆင်းပြီး ကယ်ဆယ်ခဲ့ကြခြင်းဖြစ်

ဇွန်-၂၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်တွင် မိုးကောင်း‌နေပြီး မှော်စီစာရွာမှ တောင်ကမ်းပါးယံပဲ့ကျကာ ကျောက်ရှာနေသူတစ်ဦးပြုတ်ကျခဲ့သည်။

ရေမဆေးကျောက်ရှာသူအများအပြားသည် မှော်စီစာရွာ မှော်တစ်နေရာတွင်ဇွန်လ၂၃ရက်ညနေက ကျောက်ရှာနေစဉ် အမျိုးသားတစ်ဦး ပြုတ်ကျသွားခြင်းဖြစ်သည်။

” ပဲကျသွားတာ။ ပေလေးဆယ်၊ငါးဆယ်လောက် အမြင့်ကနေ ပြုတ်ကျတာ။ ရေထဲကို ကျတာဆိုတော့ ကံကောင်းသွားတယ်။ ခေါင်းတော့ ထိသွားတယ်။ ခက်ခက်ခဲခဲ ကယ်ကြရတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဘဝတူရေမဆေးသမားအချို့က တောင်းကမ်းပါးယံကို ကြိုးဖြင့် ခိုဆင်းပြီး ကယ်ဆယ်ခဲ့ကြခြင်းဖြစ်သည်။တစ်ဦးမှာ​​ရေပါကူး၍ သွား​ရောက်ကယ်တင်ရန်ကြိုးစားခဲ့သည်ကို ​ဒေသခံတဦးရိုက်ကူးထား​သော ဗီဒီယိုတွင်​တွေ့ရသည်။

ပြုတ်ကျသူသည် သေဆုံးသွားသည်ဟု ကနဦးသတင်းထွက်ပေါ်ခဲ့သော်လည်း ယနေ့(ဇွန် ၂၄) နံနက်သတင်းများအရ ဦးခေါင်းဒဏ်ရာရခဲ့ပြီး သေဆုံးခြင်းမရှ်ိဟု သိရသည်။

ဖားကန့်တွင် ဇွန်လ ၂၀ရက်ကလည်း ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာမှစွန့်ပစ်မြေစာပုံဟောင်းပြိုကျပြီး နှစ်ဦးသေဆုံးခဲ့သည်။

https://www.facebook.com/LuduNwayOo/videos/1233076561206379

ဖားကန့် မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းရှိနေ၍ စစ်ရေးတင်းမာနေသေးပြီး ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများရှိနေသည်။ ထို့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်လာ၍ ရေကြီးနစ်မြုပ်မှုဘေးနှင့် မြေပြိုမှုဘေးသတိပြုကြရန် လူမှုကူညီရေးအဖွဲ့များက သတိပေးထားကြသည်။

ရုပ်သံ- Sai Ngao

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။