အတွေးအမြင် ကျေးဇူးပါ မအေးအေးခိုင် ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း ကန်ပက်လက်မြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ နေအိမ်တွေ ပျက်စီး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း တောင်သာမှာ ရေကြီးလို့ သီးနှံတွေ ပျက်စီး မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း ရွှေကူမှာ နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်တပ်က ရွာတွေကို လေကြောင်းတိုက်ခိုက်နေဟု KIA ပြော ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း မိုးများပြီးတောင်ကြီး-ဟိုပုံးလမ်းမပေါ် ကျောက်တုံးကြီးပြုတ်ကျ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က တောင်ကြီး-ဟိုပုံးသွားပြည်ထောင်စုလမ်းမပေါ် နေအိမ်တစ်လုံးစာလောက်ရှိတဲ့ ကျောက်တုံးကြီးပြုတ်ကျလာလို့ ကားနဲ့လမ်းဘေးအဆောက်အအုံတစ်ခု ပျက်စီးခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း ကရင်နဲ့မွန်အစပ်ရှိကျေးရွာရဲ့စာသင်ကျောင်းဗုံးကြဲခံရ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း ဗန် နဲ့ ပန်တိုဂျာပွဲ UFC 331ရဲ့အကောင်းဆုံးပွဲဟုရွှေးချယ် အပိုဆုကြေးဒေါ်လာ တစ်သိန်းစီဆွတ်ခူး ludunwayooစက်တင်ဘာ 21, 2026
သတင်း စလင်းနဲ့ ကံပြားလမ်းပိုင်းမှာတိုက်ခိုက်ခံရတဲ့ ချင်းတောင်စစ်ကူပို့မယ့်စစ်တပ်ယာဉ်တန်း ကပစ(၂၅) ရောက်လာ မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း ၀က်လက်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရ စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 21, 2026
သတင်း စစ်တပ်က တစ်ဦးသေ နောက်တစ်ဦးဖမ်း ရှေ့တန်းပို့မယ့် ဗျူဟာသုံးနေလို့ စစ်သည်တွေ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။ ludunwayooစက်တင်ဘာ 21, 2026