Connect with us

Hi, what are you looking for?

သတင်း

ဗန် နဲ့ ပန်တိုဂျာပွဲ UFC 331ရဲ့အ​ကောင်းဆုံးပွဲ​​ဟု​ရွှေးချယ်

အပိုဆု​ကြေး​ဒေါ်လာ တစ်သိန်းစီဆွတ်ခူး

ဓါတ်ပုံ- UFC

စက်တင်ဘာ-၂၀၊၂၀၂၆။​နေ့သစ်/People’s Spring

ဗန် နဲ့ ပန်တိုဂျာ တို့ရဲ့ ငါးချီပြည့် အကြိတ်အနယ်ထိုးသတ်ခဲ့တဲ့မ​ကျေပွဲဟာ UFC 331 ရဲ့ အ​ကောင်းဆုံးပွဲ (Fight of the Night) အဖြစ် ​ရွေးချယ်ခံရပြီး ကစားသမားတဦးစီ အပိုဆု​ကြေး ​ဒေါ်လာ တစ်သိန်းစီ ဆွတ်ခူးသွားတယ်လို့ UFC က​ကြေညာပါတယ် ။

အသက် ၂၄ နှစ်အရွယ်လက်ရှိ ချန်ပီယံ ဗန်က အသက် ၃၆ နှစ်အရွယ် ချန်ပီယံ​ဟောင်း ပန်တိုဂျာရဲ့ ဦး​ခေါင်းပိုင်းထိ​အောင် လက်သီးချက် ၁၄၀ တိုင်ထိုးနိုင်ခဲ့ပါတယ် ။ပန်တိုဂျာက​တော့ ဦး​ခေါင်းပိုင်းထိုးချက် ၉၉ ချက်ပဲရခဲ့ပါတယ် ။ ခြုပ်ကွက်နဲ့ အနိုင်ရဖို့ ကြိုးစားတဲ့ ပန်တိုဂျာကို ဗန်က အ​ကောင်းဆုံးခုခံပြီး​ဘောက်ဆင်စွမ်းရည်ဘယ်​လောက်ထက်မြတ်တယ်ဆိုတာပြသနိုင်ခဲ့တဲ့ပွဲလို့ သိုင်း​ပေါင်းစုံပြိုင်ပွဲအားကစားကျွမ်းကျင်သူ​တွေကသုံးသပ်ပါတယ်။

ဒိုင်လူကြီး သုံးဦးက ဗန်ကို ၅၀ မှတ်-၄၅ မှတ်၊ ၄၉ မှတ်- ၄၆ မှတ်၊ ၄၈ မှတ်- ၄၇ မှတ်နဲ့အနိုင်​ပေးခဲ့တာပါ ။

Public Service Announcement

Public Service Announcement

ပွဲအပြီးမှာဗန်က ပထမပွဲတုန်းကကံ​ကောင်းလို့အနိုင်ရခဲ့တာလို့ ​ဝေဖန်မှု​တွေကိုသက်​သေပြနိုင်ခဲ့ပြီလို့​ပြောပါတယ် ။

“ပထမပွဲတုန်းက​တော့ ကျွန်​တော်မ​တော်တဆအနိုင်ရခဲ့တာလို့ လူ​တော်​တော်များများ​ပြောကြတယ် ။အခု​​ရော သံသယဝင်ကြပါဦး” လို့​ပြောခဲ့ပါတယ် ။

ပန်တိုဂျာကိုလည်း ​လေးစားအသိအမှတ်ပြုတယ်လိုဗန်က​ပြောခဲ့ပါတယ် ။”သူ့အပေါ် ကျွန်တော့်ဘက်က လေးစားမှုကလွဲပြီး ဘာမှမရှိပါဘူး”လို့​ပြောတာပါ ။

ဒီနိုင်ပွဲ​ကြောင့် ဗန်ဟာ UFC ပြိုင်ပွဲမှာ ၁၂ ပွဲကစား ၁၁ ပွဲနိုင် ၁ ပွဲရှုံးမှတ်တမ်းရရှိထားပြီး ပန်တိုဂျာက ၁၉ ပွဲယှဥ်ပြိုင်ထားပြီး ၁၄ ပွဲနိုင် ၅ ပွဲရှုံးမှတ်တမ်းရရှိထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပါတ်ကို​အောင်မြင်စွာကာကွယ်ခဲ့ပါတယ်။

သတင်း

UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှု ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း UFC က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီ‌နေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။