Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က တစ်ဦးသေ နောက်တစ်ဦးဖမ်း ရှေ့တန်းပို့မယ့် ဗျူဟာသုံးနေလို့ စစ်သည်တွေ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ ပြည်သူ့ပန်းတိုင် တိုက်တွန်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

(စက်တင်ဘာလဆန်းက ကချင်ဒေသတိုက်ပွဲမှာ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဗန်းမော်မြို့နယ် စင်းခန်းတံတားအောက်မှာ တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)

စက်တင်ဘာ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေတဲ့ စစ်ကောင်စီရဲ့ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ်မှာ အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဟာ အတင်းအဓမ္မ စစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း ခေါ် ပစတွေကို ‘သမင်’မွေးလိုက် ရှေ့တန်းပို့ပြီး တော်လှန်ရေး’ကျား’တွေ စားခိုင်းလိုက် လုပ်နေကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“အခြေခံစစ်ပညာတောင် ဘာမှန်းမသိသေးတဲ့ လသားစစ်သည်တွေကို ရှေ့တန်းလွှတ်ရင် အသက်ဆုံးရှုံးမှုတွေ များနိုင်တာ ဉာဏ်ရှိသူတိုင်း သိပါတယ်။တစ်ယောက်သေရင် နောက်ထပ်တစ်ယောက် ဖမ်းပြီး ရှေ့တန်းပို့မယ့် အသေခံစစ်ဗျူဟာမှာ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘဝကိုယ် ကယ်ဆယ်ကြဖို့ ပြည်သူ့ပန်းတိုင်က ထပ်မံတိုက်တွန်းလိုက်ပါတယ်” လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ဒုတိယပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၃၃ဦး ရှိပြီး အဲဒီထဲက ၃၀ ဦးဟာ ကချင်ပြည်နယ် ကဖြစ်တယ်လို့ အသိပေးထားပါတယ်။ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ဒုတိယပတ် အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း – ၃၉၈၂ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ကနေ ၂၀၂၄ အတွင်း သူတို့ရဲ့ အမာခံတိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံရပြီးနောက် ၂၀၂၄ ဖေဖော်ဝါရီကစတင်ကာ ပြည်သူ့စစ်မှုထမ်း ဥပဒေ (ခေါ်) အဓမ္မစစ်သား စုဆောင်းတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ရာ အရပ်သား လူငယ်များ အဓမ္မ စစ်သားစုဆောင်းခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယခု စက်တင်ဘာလမှာ ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ ၂၀၂၄ကနေ ၂၀၂၆ ဩဂုတ်အထိ စစ်မှုထမ်း အပတ်စဉ်(၂၇)ခု ဖွင့်လှစ်ကာ အင်အား ၁၃၅၀၀၀ ကျော်ကို အဓမ္မ စုစည်းကာ အဲဒီ အင်အားတွေ အသုံးချ လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာ တွေ့ရပြီး ပစ အင်အား သိန်းချီ အလောင်းအစားပြုကာ ကမူးရှုးထိုး ထိုးစစ်ဆင်နေပေမဲ့ စစ်မျက်နှာတိုင်းမှာ လိုရာမရောက်ဘဲ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ချေမှုန်းမှုကြောင့် ဆုံးရှုံးထိခိုက်များပြားနေကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

၂နှစ်တာ ကာလအတွင်း စစ်တပ်က သေဆုံးသူ ၂သောင်းကျော်(၂၀၃၈၃ ဦး)၊ ဒဏ်ရာရသူ ၉၇၀၀ ကျော် ရှိခဲ့သလို ပြည်သူ့ရင်ခွင်ခိုလှုံသူ ၃,၈၀၀ ကျော်၊ မိမိအစီအစဥ်ဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ခွာထွက်ပြေးသူ(တပ်ပြေး) နှစ်သောင်းခန့် ရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုဟာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)တွေ ဖြစ်တာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းမိထားတဲ့ စစ်သုံ့ပန်း (၅၃၆) ဦးရှိတယ်လို့ ဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း မလွှဲမရှောင်သာလို့ အဓမ္မ စစ်သားစုဆောင်းခံရပါက အခြေအနေပေးတာနဲ့ စစ်အုပ်စုတပ်ကို ဘယ်လိုစွန့်ခွာရမယ်ဆိုတာ စဉ်းစားကြရန် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေကို တိုက်တွန်းပါတယ်။

” စစ်မြေပြင်ရောက်ပြီဆိုရင်တော့ သက်ညှာလို့တော့ရမှာ မဟုတ်ဘူး”လို့ ဝန်ကြီး ဦးရည်မွန်က သတိပေးပြီး ပြည်သူ့စစ်လူငယ်တွေအနေနဲ့ ဒါကို ကောင်းကောင်းသိမယ်လို့ ယူဆတာကြောင့် စစ်တပ်ကို စွန့်ခွာဖို့ တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။