စက်တင်ဘာ-၂၀၊၂၀၂၆။ဇော်၀င်း/People’s Spring
စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
၇လတာစစ်ဆင်ရေးအရ ၂၀၂၅ ဒီဇင်ဘာကနေ ဇူလိုင်လကုန်အထိ စစ်တပ်ရဲ့တပ်မ (၃၃)၊ခြေမြန်တပ်ရင်း ခမရ (၁၂) ၊ခမရ(၁၃)တပ်ရင်းနဲ့ မင်းကွန်းပြည်သူ့စစ်အဖွဲ့ ပူးပေါင်း အင်အား ၃၀၀ ၀န်းကျင်ရှိတဲ့စစ်ကြောင်းနဲ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်က ၁၀၀ ကျော် ထိခိုက်သေဆုံးနိုင်ပြီး ဂျမ်ဘာကား ၁စီးကိုဖျက်ဆီးခဲ့ကာ ကား ၄စီးသိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် ဒရုန်း ၂စီးပစ်ချနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်တွေလည်း သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။
အမှတ်(၂)ရွှေဘိုခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ အမှတ် (၁၊၂၊၃၊၄၊၅၊၁၅၊၁၇၊၁၈၊၂၃၊၉၇၀၆)တပ်ရင်းတွေ
၊၁၂၂၂ဗျူဟာ၊ အမှတ် ၉၇၀၈တပ်ဖွဲ့၊အမှတ်(၂)ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ဝက်လက်မြို့နယ် ပကဖတို့ပူးပေါင်းပြီး ခုခံစစ်ကနေ ထိုးစစ်အသွင်ပြောင်းပြီး တိုက်ပွဲတွေဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
“ခြေသံလုံလုံနဲ့ ကျွန်တော်တို့ တိုက်ခဲ့တာတွေပါ။အခုချိန်ထိလည်း အချိန်မရွေးထပ်ဖြစ်နိုင်တယ်”လို့ ၀က်လက်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းက ဧရာဝတီမြစ်ကမ်းဘေးက ထုံးဘို၊ရှားကွဲရေဂမိုး၊ရွာသစ်၊လှေပို့ဆိပ်၊သစ်ဆိမ့်ကျေးရွာတွေမှာ လက်တလောအချိန်ထိ တပ်စွဲထားတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်က ပြည်သူပိုင်ပစွည်းတွေကို ရေကြောင်းကနေ သယ်ထုတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း စစ်တပ်က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ရေးအခြေအနေကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်း အမှတ်(၃)လမ်းပိုင်းကို အသုံးပြုတဲ့ခရီးသွားပြည်သူတွေအနေနဲ့ဂရုတစိုက်သွားလာကြဖို့လည်း ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းကတိုက်တွန်းထားပါတယ်။



















































