Hi, what are you looking for?
အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အခြေစိုက် မဲပလီ စစ်ကောင်စီ ဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူး နှင့် တပ်ရင်းမှူး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအားတော်လှန်ရေးတပ်များက လိုက်လံတိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူး စထွန်းဇော်က ပြောကြားသည်။