Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတွင်စစ်​ကောင်စီက မစ်ဇိုင်းဒုံး နှင့် ၁၂၀ မမအသုံးပြုထိုးစစ်ဆင်​နေပြီး တိုက်ပွဲများပြင်းထန်

ရှမ်းတောင် နှင့် ကရင်နီပြည်နယ်ကိုချိတ်ဆက်ရာ မိုးဗြဲ မြို့ကို စစ်​ကောင်စီတပ်က မစ်ဇိုင်းဒုံး နှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ထိုးစစ်ဆင်လာ​သောကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

​ကရင်နီတော်လှန်​ရေးတပ်​ပေါင်းစုကို​တွေ့ရစဥ်

ဇွန်-၁၇၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းတောင် နှင့် ကရင်နီပြည်နယ်ကိုချိတ်ဆက်ရာ မိုးဗြဲ မြို့ကို စစ်​ကောင်စီတပ်က မစ်ဇိုင်းဒုံး နှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ထိုးစစ်ဆင်လာ​သောကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

တော်လှန်ရေးအင်အားစုများထိန်းချုပ်ထား​သော မိုးဗြဲ မြို့ကို အင်အားရာ​ပေါင်းများစွာ အသုံးပြု၍ လွန်ခဲ့သည့် ​ခြောက်လ​ကျော်ကတည်က စစ်ကောင်စီက ထိုးစစ်ဆင်နေ ခြင်းဖြစ်သည်။ထို​ကြောင့် နွေဦးတော်လှန်ရေးတွင် နယ်မြေပြန်မပါရေး တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ပွဲများတွင် မိုးဗြဲမြို့ တိုက်ပွဲမှာ အရှည်ကြာဆုံးဖြစ်​ကြောင်း စစ်​ရေးသတင်း ရင်းမြစ်များက ​ပြောသည်။

“စစ်ကောင်စီဘက်က အမျိုးမျိုးသောတိုက်ခိုက်မှု တွေ လုပ်ခဲ့တယ်။လုပ်နေတယ်။နေ့စဥ် လက်နက်ကြီးနဲ့မစ်ဇိုင်းတွေနဲ့ပါ ပစ်နေတာ။သူတို့ (စစ်ကောင်စီ)က မြို့တွင်းကို တဖြည်းဖြည်းတပ်ဖြန့်လာတာ။တိုးမပေါက်သေးဘူးလို့ သိရတယ်”ဟု စစ်​ရေးသတင်းရင်းမြစ်က ​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေးအချက်အလက်များအရ မိုးဗြဲ မြို့အတွင်းပိုင်းထိ ကပ်လာသည် စစ်ကောင်စီစစ်ကြောင်းများကို ဇွန် ၁၄ ရက်တွင် တော်လှန်ရေးတပ်ပေါင်းစုက ပြန်လည်ထိုးစစ်ဆင်တွန်းထုတ်နိုင်ခဲ့သည်။

“မိုးဗြဲ တိုက်ပွဲ က ပြင်းထန်နေတာက သုံးရက်၊လေးရက်ရှိပြီ။တော်တော်လေးပြင်းထန်နေတဲ့အခြေအနေမျိုးမှာရှိတယ်”ဟု ရှမ်းတောင် စစ်ဒေသ အမှတ် ၁၄ ၏ ဗျူဟာမှူး ကိုနေကောင်းက ပြောသည်။

တိုက်ပွဲ မဖြစ်ခဲ့စဥ်က လူဦးရေ နှစ်သောင်းကျော်နေထိုင် ခဲ့သော မိုးဗြဲ မြို့သည် နေပြည် တော်သို့ နာရီပိုင်းအတွင်းရောက်နိုင်သည့် ပင်လောင်း-ဖယ်ခုံ -(မိုးဗြဲ)-လွိုင်ကော် လမ်းပိုင်းပေါ်တွင်ရှိသည်။မြို့ မြောက်ဘက်ခြမ်း နှစ်မိုင်ကျော်အကွာတွင် မြို့စောင့်တပ် ခမရ ၄၂၂ ကို အခြေပြု၍ စစ်ကောင်စီက မိုးဗြဲ မြို့ကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရေးကြိုးပမ်းနေခြင်းဖြစ်သည်။

ခမရ ၄၂၂ တပ်တွင်းနောက်ချန်အင်အားနှင့် မိုးဗြဲ မြို့ထိုးစစ်အင်အားအတွက် မြေပြင်စစ်သား ၇၀၀ ထက်မနည်းကို စစ်ကောင်စီက အသုံးပြုထားကြောင်း ကရင်နီစစ်ဘက်တာဝန်ရှိသူအချို့က​ပြောသည်။

“စစ်ကောင်စီဖက် က အပြင်းအထန် ဆက်ပြီးတော့ စစ်ကြောင်းထိုးနေတုန်းဘဲလို့ပြောရမယ်။တိုက်ပွဲတွေပြင်းထန်နေတုန်း”ဟု ကရင်နီအမျိုးသားများကာ ကွယ် ရေးတပ် KNDF ၏ ပြောရေးဆိုခွင့်ရှိသူကိုသာအယ်စိုးက ပြောသည်။

ဇွန်လ ၁၆ ရက် မိုးဗြဲ မြို့တိုက်ပွဲ၌ စစ်ကောင်စီစစ် ကြောင်းကို တိုက်ခိုက်ရာတွင် တော်လှန်ရေး အင် အားစုဘက်မှရဲဘော်အချို့ကျဆုံးခဲ့သည်။

“အတိုင်းအတာတစ်ခုထိစစ်ရေးအရ အောင်မြင်မှုရှိခဲ့သလို ရဲဘော်တချို့ ကျခဲ့တယ်။အခု ဒီည တောင် မိုးဗြဲ မှာ လက်နက်ကြီးသံတညံညံပဲ”ဟု မိုးဗြဲ မြို့စစ်ရေးအခြေအ​အနေကို သိသူတဦးက ပြောသည်။

မိုးဗြဲမြို့၏ ထိုးစစ်နှင့်ခုခံစစ် တွင် တော်လှန်ရေးအင်အားစု၏ ရဲဘော် ၂၀ ကျော် ကျဆုံးထားပြီး စစ်ကောင်စီဘက်က ယခုရက်ပိုင်းဖြစ်​သောတိုက်ပွဲများမတိုင်ခင်အထိသေဆုံးသူ၆၀ ကျော်နှင့်အလင်းဝင်လာသူ ၁၀၀ ကျော်ရှိကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

၂၀၂၃ နှစ်ကုန်ပိုင်းက မြို့စောင့်တပ် ခမရ ၄၂၂ မှ လွဲ၍ စစ်ကောင်စီတပ်စွဲခဲ့သည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင် ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း ၊ စည် ကား၂ နှင့် စက်တော်ရာတောင် ကုန်း (ခ)ဗျူဟာကုန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ကာ မိုးဗြဲ မြို့ကိုထိန်းချုပ်ခဲ့သည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ပြန်ရပါက ကရင်နီပြည်၏ မြို့တော်လွိုင်ကော် နှင့် မိုးဗြဲ ဆက်ထားသည့်လမ်းမကို ထိန်းချုပ်၍ ရှမ်းတောင်မှတဆင့်ကရင်နီပြည်နယ်ထဲသို့ အလွယ်တကူ စစ်ကူပို့နိုင်မှုနှင့်အတူ ရွေးကောက်ပွဲပြုလုပ်ရန် နှင့် ၎င်းတို့အုပ်ချုပ်ရေးယန္တရား ကျင်းပ လည်ပတ်နိုင်ရေး လုပ်ဆောင်နိုင်ကြောင်း စစ်ဘက် သတင်းရင်းမြစ်များက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။