Connect with us

Hi, what are you looking for?

သတင်း

ရွှေတချောင်းပေါ်ထိုးထားတဲ့ တံတားငယ်တွေကို စစ်ကောင်စီဖယ်ခိုင်းနေ

မန္တလေးမှာရွှေတချောင်းမြောင်းပေါ် ထိုးထားတဲ့ တံတားငယ်တွေစစ်ကောင်စီဖယ်ခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေတချောင်းမြောင်းပေါ်က တံတားအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဇွန်-၁၇၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမှာရွှေတချောင်းမြောင်းပေါ် ထိုးထားတဲ့ တံတားငယ်တွေစစ်ကောင်စီဖယ်ခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊စစ်ကိုင်း-မန္တလေးလမ်းအနောက်ဘက်ရွှေတချောင်းမြောင်ဘေးနေသူတွေကသူတို့နေအိမ်တွေဆီဝင်ဖို့မြောင်းပေါ်ကိုတံတားထိုးထားလေ့ရှိကြောင်း၊ အခုအခါ စစ်ကောင်စီကအဲဒီတံတားတွေကိုဖယ်ရှားခိုင်းနေတာဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်။

“လဆန်းလောက်ကတည်းကဖယ်ခိုင်းနေတာ။ တံတားတွေမရှိဘဲဘယ်လိုလုပ် ကူးရမလဲ။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘာကြောင့်ဖယ်ခိုင်းတယ်ဆိုတာကိုတော့လူထုနွေဦးကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရွှေတချောင်းမြောင်းဟာရေစီးရေလာမကောင်းဘဲ အမှိုက်တွေနဲ့ အမြဲလိုလို ပြည့်လျှံနေပြီး မိုးတွင်းကာလမှာ ပိုမိုဆိုးရွားလေ့ရှိပါတယ်။မန္တလေးစည်ပင်ဟာလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ သန့်ရှင်းရေးကိစ္စ​တွေကို ကောင်း​ကောင်းမလုပ်​တော့ တော့ဘူးလို့ မန္တလေးမြို့ခံအချို့ကဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မန္တလေးမြို့အရှေ့ခြမ်း၊ ပုသိမ်ကြီး၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက နေအိမ်တွေကိုလည်းကျူးကျော်ဆိုပြီး ဖယ်ရှားရှင်းလင်းခဲ့ပါသေးတယ်။အဲလို ဖယ်ရှားပြီးရင် စစ်​ကောင်စီဟာ​မြေကွက်​တွေကို ​ခွဲခြမ်ယရောင်းစားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး​ကြောင့် မန္တ​လေးမြို့မှာ ပြည်သူ​ထောင်ချီ​သေဆုံးခဲ့သလို ၊မြို့ရှိ အ​ဆောက်အအုံအများစုပြိုကျတာ ၊ပျက်စီးတာ ၊ကွဲအက်တာ ၊တိမ်း​​စောင်းတာ​တွေဖြစ်ခဲ့ပြီး​​​တော့ ​မေငလျင်ဒဏ်အဆိုးဆုံးခံရတဲ့ဘမြိို့တ မြိူ့ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။