Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ နာမည်ကို အရမ်းကြောက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်မှု၊ စွန့်စားမှု၊ အနစ်နာခံမှု အထူးသဖြင့် အဲဒီလို အနစ်နာခံမှုတွေကြောင့် ပြည်သူရဲ့ယုံကြည်မှုတွေ ရတယ်။ အဲဒီပြည်သူရဲ့ ယုံကြည်မှု၊ ထောက်ခံမှုတွေကို စစ်အုပ်စုက အရမ်းကြောက်ပါတယ်”

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်နဲ့ မေးမြန်းခန်း

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်နဲ့ မေးမြန်းခန်း

နိုင်ငံရေးအကျဥ်းသားတွေ ထောင်တွင်းမှာ ကျန်ရှိနေသရွေ့ မြန်မာနိုင်ငံဟာ မလွတ်လပ်ဘူးလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယူဆထားပါတယ်။

ဇွန်လ ၁၉ရက်မှာ အသက် ၈၀ ပြည့်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၂၂,၀၀၀ ကျော်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင်တာကို ခံနေရပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ စစ်အာဏာသိမ်းမှုဟာ စစ်အုပ်စုကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာဖြစ်သလို စစ်တပ်က ၂၀၀၈ က ပေးထားတဲ့ အာဏာနဲ့ မလုံလောက်လို့၊ ဒီထက်ပိုပြီး အာဏာလိုချင်လို့ ဖြစ်တယ်လို့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ရှုမြင်ပါတယ်။

စစ်အုပ်စု လုပ်ဆောင်ခဲ့တာ၊ လုပ်ဆောင်နေတာတွေက တိုင်းပြည်အတွက် ကောင်းတဲ့လဏ္ခဏာမဟုတ်သလို စစ်တပ်အတွက်လည်း ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ သူက သတိပေးပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီလက်ထက်မှာ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ အဆိုးဆုံးအခြေအနေကို မြန်မာပြည်သူလူထု တွေ့ကြုံခံစားနေရပြီး လူ့ငရဲဖြစ်တဲ့ အကျဥ်းထောင်တွေကတော့ အဆိုးတကာ့အဆိုးဆုံးလို သူက ဆိုပါတယ်။

အကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေကို နိုင်ငံတကာက မေ့မထားသင့်သလို မြန်မာပြည်သူတွေကလည်း မေ့မထားသင့်ဘူးလို့ သူက တိုက်တွန်းပါတယ်။

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကို People’s Spring က သီးသန့်တွေ့ဆုံမေးမြန်းခန်းကို တင်ဆက်ပေးလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် -၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring မကွေးတိုင်း ၊ သရက်မြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ဦး ထောင်ဗူး ဝမှာတင် ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံကသိရပါတယ်။ ဇူလိုင်လ ၁ ရက်က...

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

PPNM စာရင်း​တွေအရ ​ထောင်အတွင်းလုံ​လောက်စွာ​ဆေးကုသခွင့်မရလို့ ​ခြောက်လအတွင်းနိူင်ကျဥ်း ၁၃ ဦးကျဆုံး

သတင်း

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်နှင့် (၁၄)မိုင်အကွာရှိ လျှို့ဝှက်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်၍အဓိကတာဝန်ယူကြရမည့်အမည်စာရင်းကို မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့အစည်းက ယ​နေ့ထုတ်ပြန်သည်။