Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အကြို လူထုသပိတ်လှုပ်ရှားများ စစ်ကိုင်းတိုင်း၌ ပြုလုပ်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့တွင် သပိတ်အင်အားစုများက ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့်မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (ဇွန်လ ၁၇) ပြုလုပ်ခဲ့ကြသည်။

ဇွန်-၁၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့တွင် သပိတ်အင်အားစုများက ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့်မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (ဇွန်လ ၁၇) ပြုလုပ်ခဲ့ကြသည်။

ကလေးမြို့နယ်တွင် လူထုတိုက်ပွဲဦးဆောင်ကော်မတီနှင့် ဒေသခံပြည်သူတို့ ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ပန်းသပိတ်နှင့်အတူ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြည်သူများက နှင်းဆီပန်းအနီများနှင့်အတူ “Happy Birthday အမေစု” ၊ “ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ”၊ “ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ” စသည့် စာသားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြရန်နှင့် ဇွန် ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပန်းသပိတ်လှုပ်ရှားမှု လုပ်ဆောင်ကြရန် တိုက်တွန်းလှုံ့ဆော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်တွင်လည်း ဆန္ဒပြပြည်သူများက နှင်းဆီပန်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများနှင့် အတူ “Freedom From Fear” စာသားကို ကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းမှုများ လုပ်ဆောင်ခဲ့သည်။

ယင်းလူထုဆန္ဒပြပွဲကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်၊ သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ် တို့ ပူးပေါင်းပါဝင်ခဲ့သည်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကလေးမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်း၊ မကွေးနှင့် တင်္နသာရီတိုင်းတို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ပြီး ယနေ့ ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

သတင်း

ဒီနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်နှစ်တွေနည်းတူ တက်ရောက်ခွင့် မပေးခဲ့တာကို စစ်ကောင်စီက ထုတ်လွင့်တဲ့ အာဇာနည်နေ့ အခမ်းအနား မြင်ကွင်းအရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၇)မှာ စစ်အာဏာရှင် တော်လှန်ရေး လူထုသပိတ် ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၆)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

Facebook