Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အကြို လူထုသပိတ်လှုပ်ရှားများ စစ်ကိုင်းတိုင်း၌ ပြုလုပ်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့တွင် သပိတ်အင်အားစုများက ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့်မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (ဇွန်လ ၁၇) ပြုလုပ်ခဲ့ကြသည်။

ဇွန်-၁၇၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့တွင် သပိတ်အင်အားစုများက ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့်မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (ဇွန်လ ၁၇) ပြုလုပ်ခဲ့ကြသည်။

ကလေးမြို့နယ်တွင် လူထုတိုက်ပွဲဦးဆောင်ကော်မတီနှင့် ဒေသခံပြည်သူတို့ ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ပန်းသပိတ်နှင့်အတူ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြည်သူများက နှင်းဆီပန်းအနီများနှင့်အတူ “Happy Birthday အမေစု” ၊ “ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ”၊ “ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ” စသည့် စာသားများကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြရန်နှင့် ဇွန် ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ပန်းသပိတ်လှုပ်ရှားမှု လုပ်ဆောင်ကြရန် တိုက်တွန်းလှုံ့ဆော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်တွင်လည်း ဆန္ဒပြပြည်သူများက နှင်းဆီပန်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများနှင့် အတူ “Freedom From Fear” စာသားကို ကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းမှုများ လုပ်ဆောင်ခဲ့သည်။

ယင်းလူထုဆန္ဒပြပွဲကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်၊ သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ် တို့ ပူးပေါင်းပါဝင်ခဲ့သည်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကလေးမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။