သတင်း ခင်ဦးမှာ လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်တပ်ဗုံးထပ်ကြဲအရပ်သား၉ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း မြဝတီမြို့မှာ နှစ်ကြိမ်ထပ်မံပေါက်ကွဲ၊တိုက်ပွဲဖြစ်သလိုပစ်ခတ်သံတွေကြားနေရဟုဒေသခံပြော စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာမြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ညသန်းခေါင်အလွန်ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲပြီး တိုက်ပွဲဖြစ်သလို ပသ်ခတ်သံတွေထပ်မံကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း မန္တလေးမှာပေါက်ကွဲသံတွေဆက်တိုက်ကြားနေရ မန္တလေးမြို့မှာ အခုမနက်တနာရီဝန်းကျင်မှာ ပေါက်ကွဲသံ တွေ ဆက်တိုက်ကြားနေ ရတယ်လို့ မြို့ခံ တွေကပြောပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025
သတင်း ဟားခါးမြို့က ခလရ(၂၆၆)ကို ချင်းကာကွယ်ရေးတပ်တွေထိုးစစ်ဆင် ဟားခါးမြို့မှာ ဒီနေ့ မနက်ပိုင်းမှ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၂၆၆)ခြေလျင်တပ်ရင်းကိုချင်းတော်လှန်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025
သတင်း ရေတာရှည်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်တပ်ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေ ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025
သတင်း ပြည်ကြီးတံခွန်မြို့နယ်မှာ ညစဉ် ပြည်သူတွေကို ကင်းစောင့်ခိုင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လုံခြုံရေးအရဆိုပြီး ရပ်ကွက်အလိုက်ကင်းစောင့်ခိုင်းကာ မစောင့်နိုင်တဲ့ အိမ်တွေက တလ ၁၅၀၀၀ကျပ် လုံခြုံရေးကြေးပေးရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025
သတင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လေတပ်ဝင်းအတွင်း ပေါက်ကွဲသံတွေထွက်ပေါ်နေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လေတပ်ဝင်းအတွင်းမှာ ဒီနေ့(ဒီဇင်ဘာ ၂၆ရက်) မနက်ပိုင်းမှာ ပေါက်ကွဲသံတွေဆက်လက်ထွက်ပေါ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025
သတင်း DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်အပြောင်းအလဲပြုလုပ် ကျားဖြန့်ကြောင့် အမေရိကန် အစိုးရ ရဲ့ ပိတ်ဆို့အရေးယူမှုခံရပြီးနောက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က ထပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်လာပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025
သတင်း မှော်ဘီက PPPပါတီရုံးမှာ အရက်သောက်နေတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ ရန်ကုန်မြို့ မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်နေတဲ့ ပြည်သူ့ရှေ့ဆောင် (PPP)ပါတီရုံးမှာ အရက်သောက်နေတဲ့ ရုံးစောင့်ပျူစောထီးတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025