Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ၈ သင်းမှာ ၆ နေရာစာ ရယူနိုင်ခဲ့တဲ့ ဥရောပ အသင်းတွေ

ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပွဲမှာတော့ ဆွစ်ဇာလန် အသင်းက ကိုလံဘီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်ရောက် ၈ သင်းမှာ ဥရောပက ၆ သင်းထိ ပါဝင်လာနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - EPA

ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပွဲမှာတော့ ဆွစ်ဇာလန် အသင်းက ကိုလံဘီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ဆီ တက်လှမ်းလာခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်ရောက် ၈ သင်းမှာ ဥရောပက ၆ သင်းထိ ပါဝင်လာနိုင်ခဲ့ပါတယ်။

၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ဆွစ်ဇာလန်နဲ့ ကိုလံဘီယာတို့ဟာ ပွဲချိန် မိနစ် ၉၀ ရော၊ အချိန်ပို မိနစ် ၃၀ ပါ ဂိုးမရှိ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူပြီး ဆွစ်ဇာလန်က လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲဟာ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်စုစုပေါင်း ၈ ပွဲမှာ သာမန် ပွဲကစားချိန်အတွင်း ဂိုးမသွင်းနိုင်ကြတဲ့ တစ်ခုတည်းသော ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

အခုအခါ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရတဲ့ အသင်းအားလုံး အဖြေပေါ်လာပြီး ပေါ်တူဂီနဲ့ ဘရာဇီးတို့လို ရေပန်းစားတဲ့ အသင်းကြီးတွေကတော့ ၁၆ သင်း ရှုံးထွက်အဆင့်မှာပဲ ထွက်ခွာခဲ့ရပါတယ်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ထိ ဆက်လက် ရှင်သန် ကျန်ရှိနေတဲ့ အသင်းတွေထဲမှာ တောင်အမေရိက ကိုယ်စားပြု တစ်ခုတည်းသော အသင်းအဖြစ် လက်ရှိ ချန်ပီယံ အာဂျင်တီးနားက ရပ်တည်နေပြီး အာဖရိကတိုက် ကိုယ်စားပြု အသင်းအနေနဲ့ ဒီအဆင့်ကို မော်ရိုကိုလည်း ရောက်လာပါတယ်။ တခြား ၆ နေရာစာကတော့ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ နော်ဝေး၊ ဆွစ်ဇာလန်နဲ့ အင်္ဂလန်ဆိုတဲ့ ဥရောပ အသင်းတွေအတွက် ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ် ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင်တွေအဖြစ် တာဝန်ယူတဲ့ မြောက်အမေရိက ၃ နိုင်ငံမှာ အပူချိန် မြင့်တက်နေတာကြောင့် အအေးပိုင်းဇုန်က ဥရောပသားတွေ ရုန်းကန်ရနိုင်ကြောင်း ကြိုတင် ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် ကွာတားဖိုင်နယ်ဆီ ၆ သင်းထိ ရောက်လာခဲ့ကြတာပါ။

ကွာတားဖိုင်နယ်ရောက် ၈ သင်းထဲမှာ နော်ဝေးဟာ ဒီအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်ဖူးတာဖြစ်ပြီး ဆွစ်ဇာလန်ကတော့ ၇၂ နှစ် အကြာမှာ ကမ္ဘာ့ဖလားရဲ့ နောက်ဆုံး ၈ သင်း အဆင့်ထိ ပြန်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ဇူလိုင် ၉ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပွဲစဉ်အတွဲအဖက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပြင်သစ် – မော်ရိုကို
စပိန် – ဘယ်လ်ဂျီယမ်
နော်ဝေး – အင်္ဂလန်
အာဂျင်တီးနား – ဆွစ်ဇာလန်

ကိုးကား: FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မျိုးဆက်တစ်ခုအတွင်း တစ်ခါလောက်သာ ကြုံနိုင်တဲ့ အပြည့်အဝ နေကြတ်မှု ဖြစ်စဉ်ကို ဥရောပ နိုင်ငံနှစ်ခုကနေ တွေ့မြင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။