Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နဲ့ ကသာကြား စစ်တပ်စခန်းတွေ ဆက်တိုက်ခိုက်၊ ရွှေကူနားက စခန်းတချို့ KIA ပူးပေါင်းတပ်ပြန်သိမ်း

စစ်ကိုင်းတိုင်းအထက်ပိုင်း နဘားလမ်းဆုံအပါအဝင် အင်းတော်နဲ့ ကသာမြို့အနီးက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ဆက်လက်တိုက်ခိုက်နေပြီး ရွှေကူမြို့နယ်နားက တပ်စခန်းတချို့ကိုလည်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကသိမ်းယူလိုက်တယ်လို့ စုံစမ်းသိရပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ −Naw Tu Awng/FB)

ဇူလိုင်−၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်းအထက်ပိုင်း နဘားလမ်းဆုံအပါအဝင် အင်းတော်နဲ့ ကသာမြို့အနီးက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ဆက်လက်တိုက်ခိုက်နေပြီး ရွှေကူမြို့နယ်နားက တပ်စခန်းတချို့ကိုလည်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကသိမ်းယူလိုက်တယ်လို့ စုံစမ်းသိရပါတယ်။

ကသာမြို့နယ်က ပင်းမလွတ်ရွာ၊ အင်းတော်မြို့နယ်က စီပိန်းကျေးရွာနဲ့ နဘားလမ်းဆုံအနီးမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေးအရ တော်လှန်ရေးတပ်တွေ အသာစီးရထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“စစ်ရေးဖော်ဆောင်နေတာ ရှိတယ်။ စစ်တပ်ဖက်ကလေကြောင်း အဆမတန်သုံးတယ်။

Public Service Announcement

Public Service Announcement

နဘားဘက်မှာ အဆိုးဆုံးဖြစ်နေတာဟုတ်တယ်။ ရွှေကူဖက်မှာတော့ စခန်းတချို့ ပြန်ရထားပြီ” လို့ ကသာမြို့ကတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဇူလိုင်လဆန်းက တိုက်ပွဲတွေမှာ အင်းတော်မြို့နယ်အတွင်း မြစ်ကြီးနား-ရွှေဘို မီးရထားလမ်းပေါ်က မဲဇာရွာနဲ့ နန့်သဲကျေးရွာက‌နေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာခဲ့ရပေမယ့် တခြားစစ်မျက်နှာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လာတာလို့ သိရပါတယ်။

ကသာမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ မဘိမ်းမြို့နယ် ငါးအိုးဒေသကြားမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဇွန်လအတွင်းက လက်လွှတ်ခဲ့ရတဲ့ စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရွှေကူမှာ မြို့ခံတွေဘေးလွတ်ရာကြိုတင်တိမ်းရှောင်ကြဖို့ KIAကဇွန်လ ၈ရက်မှာ ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်ကို ဒီနေ့အထိ ရုတ်သိမ်းခြင်းမရှိသေးပါဘူး။

ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးနဲ့ ဟိုပင်မြို့ဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လကုန်က တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ အင်းတော်ကြီးဒေသ၊လုံးတုံရွာအပါအဝင် ဘေးပတ်ဝန်းကျင်ရွာတွေကို စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က ပိတ်ဆို့ထားပြီး ဒေသခံတွေအသုံးပြုနေတဲ့ စတားလင့် အင်တာနက်စက်တွေကိုလည်း သိမ်းယူနေတယ်လို့ သိရပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်တပ်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဆက်ပြင်းထန်နိုင်ကြောင်းနဲ့လေကြောင်းအန္တရာယ်၊ လုံခြုံရေးအန္တရာယ်တွေကိုသတိပြုကြဖို့ ဗိုလ်မှူးကြီးနော်ဘူက ဇွန်လကုန်ပိုင်းမှာ ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မြို့နယ်အတွင်းက PDF ​တွေရဲ့ရှေ့တန်းစခန်းအချို့ကနေ ဆုတ်ခွာထားပေမယ့် ကသာမြို့အနီးက စစ်တပ်စခန်းတွေကို တိုက်ခိုက်မှုအတွင်း စစ်သားအချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန်ရေးတပ်တွေထံကနေသတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူဒေသမှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးမိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာလည်း ၄ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။