Connect with us

Hi, what are you looking for?

သတင်း

ခန္တီးမှာမိုးကြိုးပစ်လို့ တဦးသေ၊နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ခန္တီးမြို့မှာ တောင်ယာတဲတစ်ခုကို မိုးကြိုးပစ်လို့ ​ဒေသခံတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

(ဓါတ်ပုံ-britannica )

ဇူလိုင်-၈၊၂၀၂၆။မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ခန္တီးမြို့မှာ တောင်ယာတဲတစ်ခုကို မိုးကြိုးပစ်လို့ ​ဒေသခံတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ခန္တီးမြို့နယ်၊အောင်မြေကျေးရွာက တောင်ယာတဲတစ်ခုကို ဇူလိုင်လ ၇ရက် မနက် ‌၄နာရီခန့်မှာ မိုးကြိုးပစ်ခံရတာဖြစ်ပါတယ်။

” မိုးတွေသည်းသည်းမဲမဲရွာနေချိန်မှာ ဖြစ်တာဗျ။ တဲထဲမှာ သုံးယောက်ရှိတာ။ တစ်ယောက် ဆုံးတယ်။ နှစ်ယောက်ကဒဏ်ရာရလို့ ဆေးပြရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာအသက် ၂၈နှစ်အရွယ်အမျိုးသားဖြစ်ပါတယ်။

ခန္တီးမြို့အပါအဝင် စစ်ကိုင်းတိုင်းကမြို့တွေမှာယခုရက်ပိုင်းမိုးသည်းထန်နေပြီး လေပြင်းတိုက်ခတ်တာနဲ့မိုးကြိုးပစ်တာတွေလည်းကြုံတွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

ယခုနှစ် မိုးရာသီမှာ မိုးကြိုးပစ်လို့ လူနဲ့ တိရိစ္ဆာန် ထိခိုက်သေဆုံးမှုတွေမကြာခဏဖြစ်ပေါ်နေပါတယ်။ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့မေလကလည်းမိုးကြီးပြီး လူနဲ့ အိမ်‌မွေးတိရိစ္ဆာန်တွေထိခိုက်သေဆုံးစေတဲ့အထိမိုးကြိုးထိမှန်တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့မေလ၂၁ရက်မှာ ရှမ်းပြည်

နယ် ဆီဆိုင်မြို့နယ်အတွင်း မိုးကြိုးပစ်လို့ နွား၄၉ကောင်သေဆုံးခဲ့တာပါ။

အခုရက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းဖြစ်နေပြီး မုတ်သုန်လေအားကောင်းနေတာကြောင့် လေထု မတည်မငြိမ်ဖြစ်စဉ် ရှိနေပါတယ်။ဇူလိုင်လ(၁၂)ရက်ခန့်မှာလည်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်ဖြစ်နိုင်ပြီး မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခန္တီး PDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်တပ်က ဟန်ပြစစ်ကြောင်းထိုးပြီး နိုင်ငံရေးအမြတ်ထုတ်နေဟု ဒေသခံတွေပြော

သတင်း

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတချို့အပါအဝင် အရပ်သားတွေကို နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO)က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက People's Spring ကို ပြောပါတယ်။