Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မှာ စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးလို့ စစ်ရှောင်တွေ ပြန်စရာနေအိမ်မဲ့ဟု မြို့နယ် ပကဖ ပြော

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေ များပြားနေကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံ ကိုထက်က ပြောပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေ များပြားနေကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံ ကိုထက်က ပြောပါတယ်။

ဇူလိုင် ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေ များပြားနေကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ခံ ကိုထက်က ပြောပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရေတာရှည်မြို့နယ် ပိတောက်ကုန်းရွာနဲ့ ကျွန်းကုန်းရွာ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဟာ အထိနာခဲ့တာကြောင့် ဒေသတွင်းကို စစ်ရေးလှုပ်ရှားမှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို ရွာအချို့ကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့လို့ ကျေးရွာ ပေါင်း ၂၀ ခန့် စစ်ရှောင်နေကြရတာလို့ဆိုပါတယ်။

” လက်ရှိတိုက်ပွဲကတော့ ခဏငြိမ်နေတယ်ဗျ။ ထိတွေ့တိုက်ပွဲမရှိဘူးပေါ့နော်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်တာတွေ အထူးသဖြင့် ဒရုန်းနဲ့ဗုံးကြဲနေတာတွေတော့ နေ့တိုင်းလိုလိုလုပ်နေတယ်ဗျ။ စစ်ရှောင်တွေနဲ့ပတ်သက်လို့ကတော့ အရေးပေါ်လိုအပ်ချက်တွေ အရမ်းများတယ်ဗျ။ အထူးသဖြင့်မိုးရာသီဆိုတော့အမိုးအကာတွေပေါ့။ ပြီးရင် အခြေခံစားသောက်ကုန်တွေဗျ။ စစ်ကော်မရှင်တပ်ဘက်မှရိက္ခာလမ်းကြောင်းတွေဖြတ်တောက်ထားတော့ဆန်တွေသယ်ဖို့တောင်အခက်အခဲတွေဖြစ်နေတယ်” လို့ မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော စစ်ရှောင်ဦးရေ ထောင်နဲ့ချီရှိတယ်လို့ ခန့်မှန်းပါတယ်။

“ကျွန်းကုန်းနဲ့ပိတောက်ကုန်းရွာက ရွာလုံးကျွတ်နီးပါးမီးရှို့ခံထားရတော့ သူတို့တွေမှာနေစရာပြန်စရာအိမ်တွေမရှိတော့ပါဘူးနော်။စစ်ကော်မရှင်တပ်စစ်ကြောင်းတွေပြန်ဆုတ်သွားရင်တောင်သူတို့မှာပြန်စရာအိမ်မရှိတော့ပါဘူး” လို့ ကိုထက်က ပြောပါတယ်။

စစ်တပ်ဟာ မြေပြင်စစ်ကြောင်းကိုအဓိကမထိုးဘဲ ဒရုန်း၊ လက်နက်ကြီးတွေကို အဓိကထား တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။

“ဆိုလိုချင်တာက ကျနော်တို့ရဲဘော်တွေကို လုံးပါးပါးအောင် စိတ်ဓာတ်ကျအောင် စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတဲ့သဘောမျိုးပါ။ ကျနော်တို့တပ်တွေမှာက မြေပြင်ဆရာဝန်မရှိတော့ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ရင် ဘယ်နားကုလို့ကုရမှန်းမသိပါဘူးဗျ။ အချိန်မှီဆေးကုသမှုမရလို့ မသေသင့်ပဲသေသွားတဲ့ရဲဘော်တွေရှိသလို အရပ်သားပြည်သူတွေထိခိုက်ခဲ့ရင် လည်း အရေးပေါ်လုပ်ပေးနိုင်တာကလွဲပြီးထိထိရောက်ရောက်မကုသပေးနိုင်ပါဘူး” လို့ မြို့နယ်ပကဖ ပြန်ကြားရေး တာဝန်ခံက ဒေသတွင်း အခြေအနေကို အသိပေးပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်လေကြောင်းရန်ကို အထူးဂရုပြုဖို့ လူစုလူဝေး မလုပ်ဖို့ တိုက်တွန်းပါတယ်။

“နောက်ပြီးတော်လှန်မိဘပြည်သူတွေအနေနဲ့ ကျနော်တို့မြေပြင်ကတပ်တွေကိုတတ်နိုင်သမျှကူညီပေးဖို့ ထောက်ပို့လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်” လို့လည်း ကိုထက်က ပြောပါတယ်။

ဒေသတွင်း စစ်ရေးတင်းမာနေဆဲအခြေအနေကြောင့် ပြည်သူတွေအနေနဲ့ မြို့နယ် ပကဖ အပါအဝင် နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေကို တက်နိုင်သမျှ ကူညီပေးဖို့ မြို့နယ်ပကဖက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ရေတာရှည်မြို့နယ် အခြေစိုက် PDF တပ်ရင်း(၃၅၀၄) သတင်းပြန်ကြားရေးဌာန တာဝန်ခံကလည်း ပြည်သူတွေ စစ်ရေး သတိရှိဖို့ အခြေအနေတွေ အချိန်မရွေးပြောင်းလဲနိုင်လို့ ဒေသအလိုက် တာဝန်ရှိသူတွေ ကာကွယ်ရေးတပ်တွေရဲ့ သတိပေးချက်တွေ နားစွန့်ဖို့၊ အရေးပေါ် ရွှေ့ပြောင်းရင်လိုအပ်မယ့် ဆေးဝါး၊ ရိက္ခာနဲ့ အရေးကြီးစာရွက်စာတမ်းတွေ အသင့်ပြင်ထားဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂွမြို့နယ်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၈ဦးထက်မနည်း ဒဏ်ရာရ

သတင်း

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။