သတင်း ကွတ်ခိုင်က တအာင်းအမျိုးသမီးရေးရာရုံးအတွင်း ဗုံးပေါက်၊ ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။ ludunwayooမတ် 26, 2026
သတင်း မင်းအောင်လှိုင် မိသားစု ဘန်ကောက်မှာ ဘတ် သန်း ၁၀၀ ခန့်တန်တဲ့ ဇိမ်ခံအိမ်ရာဝယ်ယူထားကြောင်း JFM စုံစမ်းဖော်ထုတ် မင်းအောင်လှိုင်ဇနီး ကြူကြူလှ နဲ့ ချွေးမ မျိုးရတနာထိုက်တို့ကို အရေးယူပိတ်ဆို့ဖို့ တောင်းဆို ludunwayooမတ် 26, 2026
ဘာသာပြန်ဆောင်းပါး ယူကရိန်းစစ်ပွဲထဲက ရုရှားရဲ့စစ်လက်နက်နဲ့စစ်ရေးနည်းပညာတွေကို စစ်တပ်ကတော်လှန်ရေးတပ်တွေကိုတိုက်ခိုက်ရာမှာ အသုံးပြုနေ ယူကရိန်း စစ်ပွဲမှာ ရုရှားအသုံးပြုနေတဲ့ စစ်လက်နက်တွေနဲ့ စစ်ရေး နည်းပညာ၊ နည်းစနစ်တွေဟာ မြန်မာ့ ပြည်တွင်းစစ် အပေါ်မှာပါ သက်ရောက် ရောက်မှုတွေ ရှိနေကြောင်း Al Jazeera သတင်းဌာနရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။ ludunwayooမတ် 26, 2026
သတင်း တောင်သာက မင်းတည်းရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ဦး ဖမ်းထား မန္တလေးတိုင်း၊ တောင်သာမြို့နယ်က မင်းတည်းကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ အမျိုးသမီး ၃ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooမတ် 26, 2026
သတင်း ကျောက်ပန်းတောင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး ဒေသခံ ငါးဦးကိုသတ်ဖြတ်သွား မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်ထဲက အင်ပင်ကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ပြည်သူ ငါးဦးရဲ့ ရုပ်အလောင်းတွေကို ရွာပြင်မှာစွန့်ပစ်ထားခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooမတ် 26, 2026
သတင်း နတ်ရေကန်ဗျူဟာနဲ့ ကပစ(၁၆)အနီး တိုက်ပွဲတွေမှာ စစ်တပ်အထိနာပြီးစစ်ကြောင်းတွေလန်ကျနေ မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာအနီး နဲ့ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်က ကပစ (၁၆) အနီးပတ်ဝန်းကျင်မှာ အာရက္ခတပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။ ludunwayooမတ် 26, 2026
သတင်း ထိုင်းစစ်တပ်နဲ့ စစ်ကောင်စီတပ်ရဲ့ မြဝတီမြို့စောင့်တပ် တပ်ရင်းမှူးအဖွဲ့တို့ တွေ့ဆုံ ထိုင်း - မြန်မာကုန်သွယ်ရေးမှာအရေးပါတဲ့ အာရှလမ်းမကြီးပြန်ဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်နေချိန်မှာမြဝတီမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ထိုင်းစစ်တပ်အရာရှိတွေ ဒီနေ့ (မတ်လ ၂၅ ရက်)မှာ နယ်ခြားကော်မတီ အစည်းအဝေး ပြုလုပ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ ludunwayooမတ် 26, 2026
သတင်း စက်သုံးဆီအခက်အခဲကြောင့် ကျောက်ဆည်မှာမီးသင်္ဂြိုဟ်ရင် ဒီဇယ် ၅ဂါလံယူလာရမယ့်အပေါ် နာရေးရှင်တွေ အခက်တွေ့ စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ludunwayooမတ် 26, 2026
သတင်း လူထုကို သတ်မှတ်နှုန်းနဲ့ အလှူခံတာ၊ ဆက်ကြေးကောက်တာတွေရှိရင် တိုင်ကြားနိုင်ဟု သာယာ၀တီခရိုင်တပ်ရင်း(၁) ထုတ်ပြန် ပြည်သူလူထုကို သတ်မှတ်မှုန်းထားနဲ့ အလှူခံတာ၊ ဆက်ကြေးကောက်တာတွေကို ခွင့်ပြုထားတာမရှိကြောင်း ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင် အမှတ်-၁တပ်ရင်း၊၃၈၀၁က မတ်လ ၂၄ရက်မှာ ထုတ်ပြန်ခဲ့ပြီး တကယ်လို့ သာယာ၀တီခရိုင် တပ်ရင်း(၁) ကွပ်ကဲမှုအောက်တပ်တွေက အဲဒီလို လုပ်ရပ်တွေ ပြုလုပ်ရင် တိုင်ကြားဖို့ ထုတ်ပြန်ထားပါတယ်။ ludunwayooမတ် 26, 2026
သတင်း စစ်ကိုင်း ဗျူဟာလမ်းတိုက်ပွဲ တပ်မ(၃၃)စစ်ကြောင်းပျက် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ဗျူဟာလမ်းမတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ(၃၃) စစ်ကြောင်းပျက်တဲ့အထိ ထိခိုက်မှုရှိတယ်လို့ စစ်တပ်တွင်းသတင်းရင်းမြစ်သုံးဦးက လူထုနွေဦးကို ပြောပါတယ်။ ludunwayooမတ် 26, 2026