Connect with us

Hi, what are you looking for?

သတင်း

မဘသဘုန်းကြီး ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရလို့ မဘသဘုန်းကြီးတွေ ဒေါသထွက်ပြီး တရားရုံးရှေ့အင်အားပြ

ရန်ကုန်မြို့မှာ မဘသဘုန်းကြီးတစ်ပါး ကားဝစ်သောက်စီးမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံထားရလို့ မဘသ ဘုန်းကြီးတွေ ဒေါသထွက်ပြီး သင်္ဃန်းကျွန်းတရားရုံးရှေ့ အင်အားပြခဲ့ကြောင်း သတင်းရရှိပါတယ်။

ဖမ်းဆီးခံရတဲ့ ဦးလက္ခဏ၊ ၎င်း၏ဝစ်သောက်ကားနဲ့အတူ ဖမ်းခံရစဥ်၊ ဓါတ်ပုံ-Screen Grab

ဇွန် ၂၃၊ ၂၀၂၆။ မေရီ/People’s Spring

ရန်ကုန်မြို့မှာ မဘသဘုန်းကြီးတစ်ပါး ကားဝစ်သောက်စီးမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံထားရလို့ မဘသ ဘုန်းကြီးတွေ ဒေါသထွက်ပြီး သင်္ဃန်းကျွန်းတရားရုံးရှေ့ အင်အားပြခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့ကို မဘသတဖြစ်လဲမျိုးချစ်​​မြန်မာရဟန်းတော်များသမဂ္ဂက ဘုန်းကြီးတွေက လာရောက်စုဝေးပြီး အဖမ်းခံရတဲ့ မဘသဆရာတော် ဒေါက်တာလက္ခဏသာရနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

မဘသဆရာတော် ဒေါက်တာလက္ခဏသာရကို သင်္ဃန်းကျွန်းသံဃနာယကနဲ့ သင်္ဃန်းကျွန်းစည်းကမ်းထိန်းသိမ်းသံဃာတွေက ရဲတွေ၊ အခြားဌာနဆိုင်ရာတွေနဲ့အတူ လာရောက်ဖမ်းဆီးသွားကြောင်း၊ ယခုအခါ ဒေါက်တာလက္ခဏသာရကို ကားဝစ်သောက် (လိုင်စင်မဲ့ယာဥ်) စီးလို့ဆိုပြီး သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ (၈)၊ ၎င်းကားပေါ်မှာ ဓါးတွေ့လို့ဆိုပြီး လက်နက်ဥပဒေ ပုဒ်မ ၂၃(က) တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခံထားရကြောင်း မဘသဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးပညာဝံသက တရားရုံးရှေ့မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

သင်္ဃန်းကျွန်းတရားရုံးရှေ့အင်အားပြခဲ့တဲ့ မဘသဘုန်းကြီးများ (ဓါတ်ပုံ-Screen Grab)

“ဝစ်သောက်မှုဆိုတာ ရဟန်းသံဃာတွေ အားလုံးစီးနေတာ။ အဲနေ့က သင်္ဃန်းကျွန်းမှာရှိတဲ့ သံဃနာယကနဲ့ သင်္ဃန်းကျွန်း စည်းထိန်းသံဃာတွေက ဦးလက္ခဏကို လာရောက်ပြီးတော့ ရဲနဲ့ဌာနဆိုင်ရာနဲ့ ပေါင်းပြီးတော့ ဖမ်းသွားပါတယ်။ လာဖမ်းတဲ့ကိုယ်တော်တွေကလည်း ဝစ်သောက်တွေစီးလာပါတယ်။ ဒီပုဂ္ဂိုလ်တွေကျ ဒါတွေကျတော့မဖမ်းဘူး။ ငါလိုချင်တဲ့ ပုဂ္ဂိုလ်ကျတော့ မဖမ်းဘူး။ ငါမလိုချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဖမ်းတယ်ဆိုတာ စောက်မြင်ကပ်ပုဒ်မနဲ့ ကြီးနိုင်ငယ်ညှင်းတွေ မလုပ်ပါနဲ့။”လို့ ဦးပညာဝံသက ပြောပါတယ်။

မဘသဘုန်းကြီးက လက်ရှိ အာဏာသိမ်းစစ်ကောင်စီကို အစိုးရလို့ သုံးနှူန်းပြီး ၎င်းတို့နဲ့ ပူးပေါင်းဆောင်ရွက်နေသူ ဦးလက္ခဏကို အင်းစိန်ထောင်ကို ဖမ်းဆီးပို့ဆောင်ခံရမှုအပေါ် ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ဦးလက္ခဏဆိုရင် လက်ရှိအစိုးရနဲ့ ဝန်ကြီးချုပ်တွေ ပါတီတွေနဲ့အကုန် ပူးပေါင်းပြီးတော့ ဦးဇင်းတို့မြန်မာနိုင်ငံကို အကြမ်းဖက်နေတဲ့ အကြမ်းဖက် PDF NLD တွေကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေတဲ့ မျိုးချစ်နိုင်ငံချစ် ဘာသာချစ်တစ်ယောက်ဖြစ်ပါတယ်။ အာ့ကြောင့်မို့လို့ လက်ရှိ နိုင်ငံမှာရှိနေတဲ့ လူကြီးမင်းတွေ နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရမင်းတွေ ကြံ့ခိုင်ရေးပါတီဝင် လူကြီးမင်းများကိုလည်း ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။ အကြမ်းဖက်ကိုသာ ထန်းလျက်လို ချိုနေပြီးတော့ ဦးဇင်းတို့ အချင်းချင်းကိုကျ တအားနင်းနေတဲ့အမှုတွေ မလုပ်ပါနဲ့။ ဘုရားပြီး ငြမ်းဖျက်မှုတွေလည်း မလုပ်ပါနဲ့။ ကိုယ့်ကို ထောက်နေတဲ့ ထောက်တိုင်ကိုလည်း ပြန်ပြီးတော့ မဖြိုချပါနဲ့”ဆိုပြီး ဦးပညာဝံသက ပြောပါတယ်။

မြို့နယ်သာသနာထိန်းသိမ်းရေး သံဃာအဖွဲ့တွေကလည်း အလှူခံ၊ အရက်သောက်၊ မိန်းမရှုပ်ပြီးတော့ သာသနာညှိုးနွမ်းပုဂ္ဂိုလ်တွေကိုသာ ဖမ်းဆီးအရေးယူနိုင်အောင် ကြိုးစားဖို့ ဦးပညာဝံသက ဆိုပါတယ်။

မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့)တွေကို ၂၀၁၃-၂၀၁၄ ဝန်းကျင်မှာ အမျိုးသားရေးဝါဒီ ရဟန်းသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ စုစည်းပြီးဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ရဲ့ ပိတ်ပင်မှုတွေကြောင့် မဘသ အမည်ကို အသုံးမပြုတော့ဘဲ “ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း” အမည်နဲ့ ပြောင်းလဲလှုပ်ရှားခဲ့ပါတယ်။

ခေတ်အဆက်ဆက် စစ်တပ်ကိုထောက်ခံပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဆန့်ကျင်ခဲ့ပါတယ်။

​မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂကတော့ မဘသရဲ့ လှုပ်ရှားမှုတွေ အားကောင်းစဉ်နဲ့ နောက်ပိုင်းကာလတွေမှာ အဓိကအားဖြင့် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေက အမျိုးသားရေးလှုပ်ရှားသူ ရဟန်းသံဃာငယ်တွေ စုစည်းပြီး သမဂ္ဂပုံစံနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မဘသအဖွဲ့ကြီးရဲ့ သဘောတရားတွေကို အပြည့်အဝ ထောက်ခံတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

News

ကျောက်ပြုတ်ရွာဘုန်းကြီးကျောင်းမှ ဦးရေဝတသည် ရေဝတအမည်ဖြင့် facebookသုံးပြီး လတ်တလောတွင် facebook ပရိုဖိုင်အား သော့ခတ်ထားသည်။