Connect with us

Hi, what are you looking for?

သတင်း

အင်းလေးမှာ ဖမ်းဆီးခံရတဲ့ ရဲဘော်နဲ့ဆက်စပ်သူတွေကို စစ်တပ်က ထောင်ချောက်ဆင် ဖမ်းဆီး၊ CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ဦး ကတဆင့် ရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့ဆက်စပ်သူတွေကို ထောင်ချောက်ဆင်မျှားခေါ်မှုကြောင့် CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

(အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - IPDF)

ဇွန်-၂၃၊၂၀၂၆။ဇော်၀င်း/People’s Spring

ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ဦး ကတဆင့် ရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့ဆက်စပ်သူတွေကို ထောင်ချောက်ဆင်မျှားခေါ်မှုကြောင့် CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလက အင်းလေးမြို့နယ်၊ ရွာမကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နဲ့ ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို အခွင့်အရေးပေးပြီး သူတို့ဖုန်း‌တွေကတဆင့် နယ်မြေအတွင်း ဖြန့်ကြက်လှုပ်ရှားနေတဲ့ တခြားရဲဘော်တွေ၊တော်လှန်ရေးနဲ့ ဆက်စပ်သူတွေကို ထောင်ချောက်ဆင် မျှားခေါ်ဖမ်းဆီးဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

“ဆက်သွယ်ခံရတာတွေတော့ ရှိတယ်။ဖမ်းမိတာက ၁ယောက်ပဲ။ကျန်တဲ့သူတွေ သတိထားရအောင်နဲ့ အဲဒီကလေး ၂ယောက်ကို သုံးပြီး ဆက်လုပ်ဖို့ရှိနေသေးတယ်။အမျိုးမျိုး အသုံးချပါလိမ့်မယ်”လို့ ၁၀၀၉ တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ CDM ကျန်းမာရေးဝန်ထမ်းဟောင်း ၁ဦးကို ဇွန်လ ၁၉ ရက် ည ၇ နာရီ၀န်းကျင်မှာ စက်မှုဇုန်ကနေ အင်းလေးအပြန်လမ်းမှာ ဖမ်းဆီးခံရတာလို့ အသိပေးပါတယ်။

ထပ်မံဖမ်းဆီးခံလိုက်ရတဲ့ CDM ကျန်းမာရေးဝန်ထမ်းဟောင်းကို လက်ရှိမှာ တောင်ကြီးမြို့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှာ ထိန်းသိမ်းထားပြီး ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေအနေနဲ့ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ဆက်နွှယ်ဖူးသူ အားလုံးက ဖုန်းနဲ့ဆက်သွယ်လာမှု၊ ချိန်းဆိုမှုတွေ ရှိလာပါက စစ်တပ်ထောင်ချောက်ဖြစ်တယ်ဆိုတာ သတိ ပြုဖို့နဲ့ ရန်သူ့လက်လှမ်းမမှီရာ ဘေးလွတ်ရာကိုအရေးပေါ် ချက်ချင်း ရှောင်တိမ်းကြဖို့ ၁၀၀၉ တပ်ရင်းက တိုက်တွန်းပါတယ်။

ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နဲ့ ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို ညောင်ရွှေရဲစခန်းကနေ ဇွန်လ ၂၂ ရက်မှာ ဖယ်ခုံမြို့ သားတောင်ကြီးမှာနေထိုင်သူ စစ်တပ်ထောက်တိုင် အိုက်ဦးလန်က အင်းလေးရွာမကို ပြန်လည်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ရန်သူရဲ့ သတင်းပေးဒလန်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနေသူတွေရဲ့လုပ်ရပ်တွေကိုလည်း ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။