Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် Mi-17ကို​PDF နဲ့ပကဖ​တွေက FPVဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီး

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

Screenshot

ဇွန်-၂၃၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်တပ်ရဲ့ သယ်ယူပို့ ဆောင် ရေးယာဉ် Mi-17ကိုတော်လှန်ရေးတပ်တွေက FPV ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်​ကြောင်းတော်လှန်ရေး တပ်တွေကပြောပါတယ်။

‌မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့မှာ ပျူစောထီးရွာ တွေကိုတော်လှန်ရေးတပ်တွေသိမ်းယူခဲ့ပြီးတဲ့နောက် စက်မှု( ၂)ထဲကို စစ်တပ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရဟတ်ယာဉ်နဲ့ မေလ၂၅ရက် နေ့က အင်အား အများအပြားပို့ ဆောင်ခဲ့တယ်လို့စုံစမ်း သိရပါတယ်။

အင်အားဖြည့်ထားတဲ့စစ်သားတွေကို တွင်းမ ပျူရွာဘက်ကို လည်းပို့ခဲ့ပြီး ဇွန် ၂၃ ရက်မှာ Mi-17နဲ့ အဲဒီစစ်သား​တွေကို ပြန်လာ​ခေါ်တာလို့ စုံစမ်းသိရပါတယ်။ တော်လှန်ရေး တပ်တွေကသတင်းကြိုတင်ရထားပါတယ်။စစ်တပ်ရဟတ်ယာဥ်က စက်မှု၂ကစစ်သားတွေ ကို ခေါ်ပြီး တွင်းမပျူ​စေထီးရွာက စစ်သားတွေကိုဝင်ခေါ်ချိန်မှာ ဒရုန်းနဲ့တိုက်ခိုက်မှုစတင်ခဲ့တာလို့ သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

“Mi-17 ပြန်တက်တဲ့ အချိန်မှာလည်း FPV(အသေခံဒရုန်း)တွေနဲ့ ဝင်အောင်းလိုက်တယ်”လို့တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်ဘက်က အရာရှိအပါအဝင် ​သေဆုံးဒဏ်ရာရသူ ၂၀ ခန့်ရှိနိုင်တယ်လို့​တော်လှန်​ရေးရဲ​ဘော်အချို့က​ပြောပါတယ်။သေဆုံးတဲ့ စစ်တပ်ဗျူဟာမှူးရဲ့ အလောင်းပုံတွေပါရထားပြီး ​သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူခန့်မှန်း၂၀ လောက်ရှိတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုအ​ရေအတွက်ကို People’s Spring အ​နေနဲ့ သီးခြားအတည်မပြုနိုင်​သေးပါဘူး။

ရဟတ်ယာဥ်ကိုဒရုန်းနဲ့တိုက်ခိုက်ဖို့ ချဥ်းကပ်လာချိန်မှာ ရဟတ်ယာဥ်​ပေါ်နဲ့ ရဟတ်ယာဥ်နားကစစ်သား ၁၀ ဦး​ကျော်ထွက်​ပြေးကြတာကိုလည်း ပကဖ အသံထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းမှာမြင်​တွေ့ရပါတယ်။ဒါ​ပေမယ့်ရဟတ်ယာဥ်​ပေါ်မှာစစ်သားဘယ်​လောက်ကျန်​သေးတယ်ဆိုတာကို​တော့မသိရပါဘူး။

မ​ကွေးPDFထုတ်ပြန်တဲ့ ဒရုန်းတိုက်ခိုက်မှုရသံမှာ ရဟတ်ယာဥ် အနီးစစ်သားတဦးရှိ​နေချိန် အ​သေခံဒရုန်းကဝင်တိုက်​ဖောက်ခွဲတိုက်ခိုက်ခဲ့တာကို​တွေ့ရပါတယ်။ရဟတ်ယာဥ်အတွင်းပိုင်းကိုယ်ထည်အတွင်းကြီးမားတဲ့​ပေါက်ကွဲမှုဖြစ်ပြီး မီး​တောက်နဲ့ မီးခိုးလှုံးကြီးထွက်လာတာကိုလည်း ရုပ်သံမှတ်တမ်းမှာ​တွေ့ရပါတယ်။

လက်ရှိမှာအဲဒီနေရာပတ်ပတ်လည်ကိုစစ်တပ်က ဇွန် ၂၃ ရက်ညနေ၆နာရီဝန်းကျင်မှာ Y-12 နဲ့ ဗုံးပတ်ကြဲ နေတယ်လို့ သတင်းရရှိပါတယ်။

အဲဒီစစ်ဆင်​ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် (၄ )တပ်ရင်းသင်တန်းသားတွေနဲ့ MGY-PDF၊ အညာဖိုက်တာ Local တပ်ဖွဲ့၊စကားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံကရုပ်သံမှတ်တမ်းနဲ့တကွသတင်း​ထုတ်ပြန်ပါတယ်။

ရုပ်သံ-မ​ကွေးPDF

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။