Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာ့ဖလားဘောလုံးကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွတ်‌မြောက်ဖို့ လှုပ်ရှားမှုပြုလုပ်

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၂၃၊၂၀၂၆။တေဇ/People’s Spring

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုပြုလုပ်ချိန်မှာ ပါဝင်သူ‌တွေက ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားပြီး “Free Aung San Suu Kyi and All Political Prisoners” စာတန်းကို ကိုင်ဆောင်ကာ လက်သုံး‌ချောင်းထောင် တောင်းဆိုခဲ့ကြတာပါ။

ဘောလုံးပွဲမစတင်ခင် ပွဲကြည့်စင်မှာ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဘောလုံးကွင်းအတွင်း နေရာအချို့နဲ့ ကွင်းရှေ့မှာလည်း ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

နော်ဝေနဲ့ ဆီနီဂေါ အသင်းဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က နယူးဂျာစီကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဒီက​နေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်နှိပ်စက်ပြီး ၃ ဦးတိုက်ပိတ်ခံထားရကာ ဆေးကုသခွင့်လည်း ပိတ်ပင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက်(Justice Network For Political Prisoners)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook