Connect with us

Hi, what are you looking for?

သတင်း

ချင်းမိုင်မှာခွင့်ပြုချက်မရှိဘဲဧည့်လမ်းညွှန်လုပ်နေတယ်ဆိုပြီးမြန်မာအမျိုးသမီးအဖမ်းခံရ

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Chiang Mai News

ဇွန် – ၂၃ ၊၂၀၂၆

ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီးမြန်မာ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဧည့်လမ်းညွှန် အလုပ်ဟာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့် သတ်မှတ်ထားပြီး ထိုင်းရောက် နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့်ရှိတဲ့ လုပ်ငန်း အမျိုးအစားမှာ မပါဝင်ပါဘူး။

ကမ္ဘာလှည့် ခရီးသွား ဧည့်လမ်းညွှန် လုပ်ငန်းခွင်ထဲကို တရားဝင် လိုင်စင်မရှိတဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံသား ဧည့်လမ်းညွှန်တွေ နစ်နာနေပါတယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင့် ထိုင်းကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ၊ အာဏာပိုင်တွေ ပူးပေါင်းပြီး စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေက မြန်မာဘာသာနဲ့ ဖွင့်လှစ်ထားတဲ့ သံသယဖြစ်စရာ ဧည့်လမ်းညွှန် Facebook စာမျက်နှာတွေကို ခြေရာခံ စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စာမျက်နှာတွေမှာတော့ ခရီးသွား ဧည့်သည်တွေကို လိုက်ပါ ပို့ဆောင်ပေးမယ့် အစီအစဉ်တွေကို ဖော်ပြထားသလို ဧည့်လမ်းညွှန်တွေနဲ့ ယာဉ်မောင်းတွေလည်း ထောက်ပံ့ပေးမယ် ဆိုတာမျိုး ကြော်ငြာထားကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

အဲဒီ လုပ်ငန်းတွေဟာ ထိုင်းဥပဒေအရ နိုင်ငံခြားသားတွေ လုပ်ကိုင်ဖို့ ခွင့်ပြုမထားသလို ဝင်ငွေခွန်လည်း မဆောင်ကြဘူးလို့ ရဲတွေက ဆိုပါတယ်။

ထိုင်းကမ္ဘာလှည့်ခရီးသွား ကုမ္ပဏီတွေနဲ့ ချိတ်ဆက် လုပ်ကိုင်တာလည်း မဟုတ်တာကြောင့် ထိုင်းကုမ္ပဏီတွေ၊ ထိုင်းဧည့်လမ်းညွှန်တွေကိုလည်း နစ်နာစေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတွေဟာ အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ သံသယရှိသူ မြန်မာ အမျိုးသမီးတစ်ဦးရဲ့ နေ့စဉ် လှုပ်ရှားသွားလာမှုတွေကို စောင့်ကြည့်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီ အမျိုးသမီးဟာ ဧည့်လမ်းညွှန်အဖြစ် တရားမဝင် လုပ်ကိုင်နေတာ သေချာကြောင်း နေ့တစ်ဝက်စာလောက် သက်သေ အထောက်အထားတွေ စုဆောင်းပြီးတဲ့ အခါမှာတော့ ချင်းမိုင်မှာရှိတဲ့ ဝတ်ဖရာသက် ဒွိုင်ဆူသပ်မှာ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။သူဟာမြန်မာနိုင်ငံသား ခရီးသွား ဧည့်သည်တချို့ကို ဦးဆောင်ပြီး လည်ပတ်စရာ နေရာတွေကို လိုက်လံ ပို့ဆောင်ပေးနေတုန်း အဖမ်းခံခဲ့ရတာပါ။

ဖမ်းဆီးရမိသူဟာ Facebook စာမျက်နှာတစ်ခုကိုဖွင့်ထားပြီးချင်းမိုင်တဝိုက်မှာရှိတဲ့ လည်ပတ်စရာ နေရာတချို့ကို လိုက်လံ ပြသပေးမယ်လို့ ကြေညာထားကြောင်း ရဲတွေက ပြောပါတယ်။

အဲဒီအတွက် သူဟာ ခရီးစဉ် တစ်ခုကနေ ဘတ် ၄,၀၀၀ နဲ့ ၅.၀၀၀ ကြားလောက် ရလေ့ရှိတယ်လို့လည်း သိရပါတယ်။

ဖမ်းမိထားတဲ့ အမျိုးသမီးကို လိုင်စင်မဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ထူထောင်မှု၊ နိုင်ငံခြားသားတွေအတွက် ကန့်သတ်ထားတဲ့ အလုပ်အကိုင်မျိုး လုပ်ကိုင်မှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ ရဲတွေက ပြောပါတယ်။

ထိုင်း ကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့ကတော့ ခရီးသွားဧည့်သည်တွေ စည်ကားရာနေရာတွေမှာတရားမဝင်ဧည့်လမ်းညွှန်လုပ်နေတဲ့ နိုင်ငံ ခြားသားတွေကို ခြေရာခံ ဖော်ထုတ်ပြီး နောက်ကွယ်က အလားတူ ကွန်ရက်တွေကိုလည်း တိုက်ဖျက်သွားမယ်လို့ ကြေညာထားပါတယ်။

ကိုးကား – Chiang Mai News

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

အတွေးအမြင်

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ ပထဝီနိုင်ငံရေး အကျပ်အတည်း

အတွေးအမြင်

-Anynon ​ရေးသားသည်။ မြန်မာပြည်သူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့မျှော်လင့်ချက်တွေကသာ များနေတာ ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြပါဘူး။ ဟိုဟာလေးဖြစ်မလားဆိုပြီးမျှော်လိုက်ရ၊ဒီဟာလေး ဖြစ်မလားဆိုပြီး စောင့်လိုက်ရနဲ့၊ အဆုံးသတ်မှာတော့ ဘာတခုမှ လက်တွေ့မဖြစ်လာဘဲ လေဟာနယ်ထဲမှာပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။ တိုင်းပြည်တခုမှာ မျှော်လင့်ချက်တွေသာ ဒီလောက်များပြားပြီးတခုမှ ဖြစ်မလာဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ တခုခု အလွန်အမင်း...