Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ animation သင်တန်းကျောင်း မီးလောင်ပြီး ၁၅ ဦး သေဆုံး

အိန္ဒိယ နိုင်ငံရဲ့ animation လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံတစ်ခုမှာ အကြီးအကျယ် မီးလောင်လို့ သင်တန်းသား လူငယ် အများစု အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - AP

အိန္ဒိယ နိုင်ငံရဲ့ animation လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံတစ်ခုမှာ အကြီးအကျယ် မီးလောင်လို့ သင်တန်းသား လူငယ် အများစု အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းက လက်ခ်နောင်းမြို့မှာ ဇွန်လ ၂၂ ရက်နေ့က မီးလောင်မှု ဖြစ်ခဲ့တာပါ။ လက်ခ်နောင်းဟာ အိန္ဒိယမှာ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ အူတာပရာဒေ့ရှ်ရဲ့ မြို့တော် ဖြစ်ပါတယ်။

မီးလောင်တဲ့ သုံးထပ် အဆောက်အအုံဟာ အောက်ထပ်တွေမှာ အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်နဲ့ တိရစ္ဆာန် ဆေးကုခန်း ဖွင့်လှစ်ထားပြီး အပေါ်ထပ်မှာတော့ animation သင်တန်း ဖွင့်ထားတာပါ။ မီးငြိမ်းသွားချိန်မှာ အဆောက်အအုံ တစ်ခုလုံးနီးပါး ဆိုးဆိုးရွားရွား မီးကျွမ်းလောင်ထားတာကို တွေ့ခဲ့ရပါတယ်။

မီးလောင်မှု ဖြစ်ခဲ့တုန်းက အပေါ်ထပ် သင်တန်းစတူဒီယိုထဲမှာ သင်တန်းသား ၂၁ ဦးလောက် ရှိနေခဲ့ပါတယ်။ လောလောဆယ်တော့ သေဆုံးသူ ၁၅ ဦး စာရင်းရထားပြီး ဒဏ်ရာရသူ ၆ ဦးရှိကြောင်း၊ ၂ ဦးရဲ့ ဒဏ်ရာတွေက ပြင်းထန်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အများစုက အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ်တွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတွေမှာတော့ လူတွေက ပြတင်းပေါက်တွေကနေ အပြင်ဖက်ကို ထွက်ဖို့ ကြိုးစားနေကြတာတွေကို တွေ့ခဲ့ရပြီး တစ်ဦးကတော့ အမြင့်ကနေ ပြုတ်ကျသွားခဲ့ပါတယ်။ အဲဒီတစ်ယောက်ဟာ အသက်ရှင်ခဲ့ပြီး ဆေးရုံတင်ပို့ ခံထားရတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

မီးငြိမ်းသွားတဲ့ထိ အဆောက်အအုံ အတွင်းပိုင်းမှာ မီးခိုးလုံးတွေ ဖုံးနေတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေ ဝင်ရောက်လို့ မရဘဲ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် လေစုပ်ပန်ကာတွေ ယူလာပြီး မီးခိုးတွေကို အရင်ဆုံး ရှင်းလင်းခဲ့ရပါတယ်။

အောက်ထပ်က အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်ထဲ လှောင်အိမ်ထဲ ထည့်ထားတဲ့ ခွေးတွေ၊ ကြောင်တွေကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေက ရွှေ့ပြောင်းပေးခဲ့ပြီး တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှု ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။ ပြီးတော့ လူငယ်တွေ အများအပြား ပိတ်မိသေဆုံးရလောက်အောင် မီးဘေး အန္တရာယ် တားဆီးကာကွယ်ရေး အစီအမံတွေမှာ အားနည်းချက်တွေ ရှိသလား ဆိုတာကိုလည်း တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်။

လဆန်းပိုင်းတုန်းကလည်း ဒေလီမြို့တော်မှာရှိတဲ့ ဟိုတယ်တစ်ခု မီးလောင်မှုကြောင့် နိုင်ငံခြားသားတွေ အပါအဝင် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။