Hi, what are you looking for?
ခွန်းနီ ခပ်သုန်သုန်တိုက်တဲ့လေရူးကိုအတ္တမဲ့စွာခံစားကြည့်လိုက်တယ်ဘာပြန်ရလိုက်သလဲဆိုရင်လွတ်လပ်စွာအထီးကျန်မှုပဲရှိမယ်။တိုက်ချင်ရာတိုက်ခဲ့ပြီးမိုက်ချင်ရာမိုက်ခဲ့ကြလို့လေလွတ်လပ်ပေါ့ပါးတယ်ထင်ရပေမဲ့အထီးကျန်ခြင်းဟာလေးလံလွန်းပါတယ်။မင်းမရှိရင်မဖြစ်ဘူးဆိုပြီးမင်းမရှိလဲတစ်ဖွဖွဆိုမိနေတတ်တုံးလက်ပံတွေပွင့်ရင်လဲပြန်လာမှာမဟုတ်တော့ဘူးဒီနွေဦးဟာမင်းနဲ့မဆိုင်တော့သလိုမျိုး။ဒါဟာငါ့ထင်မြင်ယူဆချက်ပါပဲမင်းပြန်လာတာမျိုးလဲဖြစ်နိူင်တာပဲလေမသိစိတ်ရဲ့တောင်းတမှုကိုသိစိတ်ဟာမဖြည့်ဆည်းနိူင်မှတော့လွမ်းရတာပါပဲ။နွေဦးရဲ့ရွက်ကြွေတွေဟာသစ္စာရှိတယ်ရွက်နုဆိုတာတစ်ရွက်မှမပါဘူးကြွေသမျှရွက်ဟောင်းတွေလဲဘာကိုမှမဆန့်ကျင်ဘူးအားလုံးဟာသူ့ဆင့်ကဲဖြစ်စဥ်တွေအတိုင်းပဲ။ငါတို့နွေဦးမှာတော့ကြွေသမျှကရွက်နုတွေများတယ်မင်းဟာလဲအချိန်အခါမဟုတ်ကြွေခဲ့ရတာနှမြောတသဖြစ်ခြင်းနဲ့ဂုဏ်ယူရခြင်းရဲ့ကြားမှာငါရပ်နေခဲ့တာကြာပါပြီအမ်စောရယ်။ငါတို့တွေမပြီးသေးဘူးဆိုအခုကျပြီးပြီလားမင်းရဲ့အေးစက်စက်ခန္ဓာကိုယ်လေးတိမ်တွေအဖြစ်ပြောင်းသွားတာငါမြင်ရတယ်။အဲ့ဒီနေ့ကငါမငိုဖြစ်ခဲ့ဘူးရယ်တစ်နေ့တည်း ကုန်မယ့် မျက်ရည်မှမဟုတ်တာငါ့ကြေကွဲမှုဟာဒီတစ်ရက်နဲ့မလုံလောက်ခဲ့ဘူးအချိန်တိုင်းမှာကြေကွဲစရာနိူင်ငံတော်ပဲလေ။ငါ့အင်ပါယာမှာမင်းမရှိတော့ဘူးငါ့ကိုယ်ပိုင်နိူင်ငံတော်ကျဆုံးခဲ့ရတာငါပြန်တိုက်ယူရမယ် အမ်စောတကယ့်နိူင်ငံတော်ကြီးကိုလဲပြန်တိုက်ယူနေရတုံး။ငါ့အိမ်မက်ထဲမှာဖီးလ်နစ်ငှက်တစ်ကောင်ကိုမြင်တယ်နိုးထလာတော့ငါသိလိုက်တယ်အမ်စောမင်းတစ်ဖန်ပြန်နိုးထလာမယ်ဆိုတာငါသိလိုက်တယ်ငါ့သေနတ်ပြောင်းထဲမှာမင်းမြတ်နိုးတဲ့ပန်းတစ်ပွင့်ဘယ်သူလာထိုးသွားတာလဲ။ငါတို့လိုပုံစံတူဖြစ်ရပ်တွေအများကြီးပဲမေတ္တာဆိုတာသေသူရယ်ရှင်သူရယ်မခွဲခြားဘူးတဲ့ထားနိူင်သမျှပိုတန်ဖိုးရှိတယ်လို့ငါကြားဖူးတယ်မင်းကလဲတန်ဖိုးကြီးစွာနဲ့ငါ့ကိုထားခဲ့တာပါပဲ။သတိရတယ်….လွမ်းလဲလွမ်းရတယ်…ငိုတော့မငိုဖြစ်သေးဘူး အမ်စောရယ်။ (ကျဆုံးခဲ့သူလက်တွဲဖော်မိန်းကလေးအားရည်စူးရေးသားခြင်း) (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရေးဖွဲ့ခဲ့တဲ့ “ရွက်နုတရွက်ကြွေလွင့်ခဲ့တယ်”ကဗျာကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call...
မကွေးတိုင်း၊ ကံမမြို့နယ်၊ ရေနံ့သာကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းအား ဝင်ရောက်စီးနင်းခဲ့ရာ ရဲတပ်ကြပ်တစ်ဦးအရှင် ဖမ်းမိသည့်အပြင် လက်နက်ခဲယမ်းအချို့၊ လှည့်ကင်းယာဥ်အပါအဝင် ကားနှစ်စီးနှင့် ဆိုင်ကယ်လေးစီးသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ သရက်ခရိုင် တပ်ရင်း(၄)မှ ပြန် ကြားရေးတာဝန်ခံ ကိုမြတ်က လူထုနွေဦးသို့ ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် ကျဆုံးရဲဘော်များအား အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနားအား ကျင်းပခဲ့ကြောင်း SOFက ထုတ်ပြန်သည်။
အိမ့်ဘုန်းစစ်သော် (ကျောင်းသားလက်ရုံးတပ်တော်) “မြေမှုန့်တွေ လွင့်ပျယ်နေတယ်။ ဆောင်းတွင်းနွေဟာ သိပ်ပူမှန်း အမှန်တကယ်သိခဲ့ရတဲ့နေ့ပါပဲ။ ကျနော် အများကြီးမမျှော်လင့်တော့ပါဘူး။ ကျနော့်ရဲ့ အပြာရောင်ရေငွေ့လေး အဆုံးမသတ်သွားသ၍ လုံလောက်ပြီ။ တော်လှန်ရေးပြီးလို့ ကျနော်တို့အိပ်ခန်းလေးထဲ ဆေးအတူသုတ်နိုင်ခဲ့ရင် လုံလောက်ပါပြီ။” လက်ရှိမှာ ကျနော်ရင်ဆိုင်နေရတဲ့ အခက်ခဲတခုပါပဲ။ ကျနော်တို့နိုင်ငံဟာ အင်မတန် ဖျားနာနေခဲ့တယ်။ ပြည်သူလူထုက...