ဩဂုတ်-၃၁၊၂၀၂၅။သတိုး/People’s Spring
စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက်လုပ်ဆောင်နေသလို စစ်မှုထမ်းအတွက်လူငယ်များ ပေါ်တာဆွဲရောင်းစားနေသည့် ရန်ကုန်မြို့ လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက ပြောသည်။
” အုပ်ချုပ်ရေးမှူး ကလူမိုက်တွေတရုန်းရုန်းနဲ့ရွေးကောက်ပွဲကိစ္စတွေကို လုပ်ကိုင်နေတယ်။ရုံးကလဲရပ်ကွက်ကော်မရှင်ရုံးအဖြစ်လုပ်ထားတယ်။ရက်ကွက်ထဲကလူငယ်လူရွယ်တွေလဲဖမ်းဆီးပြီးစစ်မှုထမ်းပို့တယ်။ ငွေကောက်ခံတာတွေ လုပ်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါရုံးကို ဩဂုတ် ၃၀ရက် ည ၇ နာရီခန့်တွင် Yangon Army ရဲဘော်များက ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ကိုထိရောက်အောင် တိုက်ခိုက်နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
“နောက်ဆက်တွဲအနေနဲ့အုပ်ကြနောက်လိုက် ၂ယောက်၊ ၃ယောက် ထိခိုက်မှုရှိပြီး တချို့မိုင်းစတွေဝင်ကြတယ်လို့သတင်းရတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
Yangon Army အဖွဲ့သည် ဩဂုတ်အတွင်း အနောက်ပိုင်းခရိုင်ပကဖ နှင့်အတူ ရွေးကောက်ပွဲအတွက်လုပ်ဆောင်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်း လူဝင်မှုကြီးကြပ်ရေးရုံး ၊ အင်းစိန်မြို့နယ် မြို့သစ် (ဂ) ရပ်ကွက်ရုံးတို့ကိုလည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
“တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့နေရာမှန်သမျှကျနော်တို့ပစ်မှတ်ထားတိုက်ခိုက်သွားမယ်” ဟု Yangon Army အဖွဲ့တာဝန်ရှိသူက ပြောသည်။


















































