Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုရွေးကောက်ပွဲပါဝင်ပတ်သက်သူများအား ပြင်းထန်စွာအရေးယူမည်ဟု ချင်းပြည်ကောင်စီ ကြေညာ

စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးပြုလုပ်မည့်အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပြီး ပါဝင်ပတ်သက်သူများအား ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ အရေးယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်ကြေညာသည်။

ချင်းပြည်ကောင်စီတပ်ပေါင်းစုမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Chinland News

ဩဂုတ်−၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးပြုလုပ်မည့်အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ပြီး ပါဝင်ပတ်သက်သူများအား ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ အရေးယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်ကြေညာသည်။

ဩဂုတ် ၂၇ရက်မှ ၂၉ရက်နအထိ ကျင်းပခဲ့သည့် ချင်းပြည်ကောင်စီ၏ ပထမသက်တမ်း၊ ပဉ္စမအကြိမ်ကောင်စီအစည်းအဝေးအပြီး ဩဂုတ် ၃၀ရက် ထုတ်ပြန်ချက်တွင်ရွေးကောက်ပွဲဆိုင်ရာ နှင့်ပတ်သက်သည့် ရပ်တည်ချက် သဘောထားကို အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

ချင်းပြည်ကောင်စီကဲ့သို့ပင် ကချင်၊ ကရင်၊ တအာင်း၊ ပအိုဝ်း၊ ကရင်နီ၊ မွန်၊ ရက္ခိုင် စသည့် တိုင်းရင်းသားလူမျိုးစု အများစု၏ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ နယ်မြေအတွင်း ကျင်းပခွင့်မပြုကြောင်း ထုတ်ပြန်ပြောဆိုထားပြီး စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်သူများကို အရေးယူမည်ဟု သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ချင်းပြည်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ သုံးစွဲခြင်း၊ စိုက်ပျိုးခြင်းများသည် အမျိုးသား ခြိမ်းခြောက်မှု အန္တရာယ်အဖြစ် မှတ်ယူကြောင်းဖော်ပြကာ ချင်းပြည်(Chinland) ကောင်စီ၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်တိုက်ဖျက်ရေးမူဝါဒနှင့်အညီ တားဆီးကာကွယ်တိုက်ဖျက်သွားမည် ဟု ဖော်ပြသည်။

ချင်းပြည်အတွင်း လတ်တလောဖြစ်နေသည့် အစုအဖွဲ့ အချင်းချင်းကြား အမုန်းတရားများ ၊ စိတ် ဝမ်းကွဲပြားမှုများ ၊တိုက်ခိုက်မှုများ အဆုံးသတ်စေရေးနှင့် အမြန်ဆုံးပြန်လည် သင့်မြတ်ပေါင်းစည်းနိုင်ရေး အတွက် ချင်းအမျိုးသား ဖြစ်တည်မှု စံတန်ဖိုးများကို အလေးထားစွဲကိုင်လျှက် ဘာသာရေးခေါင်းဆောင်များနှင့် ဩဇာတိက္ကမရှိ ပုဂ္ဂိုလ်များ ပါဝင်စေလျက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း အသိပေးသည်။

ထို့ပြင် အာရက္ခတပ်တော် ULA/AA မှ ပလက်ဝမြို့နယ်ကို ULA/AA ၏ ခရိုင် တစ်ခုအဖြစ် ထည့်သွင်းကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ရက်က ပြောဆိုခဲ့ရာ ယင်းအပေါ် ကန့် ကွက်ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ချင်းပြည်သူများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင် ကြားခွင့် ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့် ၊ လူသားချင်းစာနာမှုများကို မဆုံးရှုံးစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း