နိုဝင်ဘာ ၁၊ ၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၃၁ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ စစ်သားတွေက အုတ်ဖိုမြို့နယ် ဆင်ကူးကျေးရွာအတွင်းကို ဒရုန်း ၂ စီးနဲ့ ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၁၀)နှစ်အရွယ် ၄ တန်းကျောင်းသား မောင်ကောင်းမြတ်သူ သေဆုံးခဲ့ပါတယ်။

Public Service Announcement
ဒါအပြင် (၁၅)နှစ်အရွယ် မောင်ကောင်းမြတ်ပိုင် ၊ (၄၈) နှစ်အရွယ် ဦးစိန်ဝင်း၊ (၃၃) နှစ်အရွယ် ဒေါ်မိုးသူ နဲ့ (၁၅) နှစ်အရွယ် (၈)တန်းကျောင်းသူ မီးလေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ကျေးရွာတွေကို ဒရုန်းနဲ့ဗုံးချတာ၊ မီးရှို့တာတွေလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ တိုက်ပွဲမရှိပါဘူး။ စစ်ကြောင်းတွေ ထိုးနေတာပါ ။ စစ်ကောင်စီ စစ်ကြောင်းက သာယာဝတီခရိုင်ထဲ တစ်မြို့ပြီးတစ်မြို့ ပတ်လှည့်နေတဲ့အင်အား ၄ရာဝန်းကျင်စစ်ကြောင်းပါ “လို့ ၎င်းက ပြောပါတယ်။
ဒရုန်းနဲ့ဗုံးကြဲပြီးနောက် ဒီနေ့ နိုဝင်ဘာ ၁ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ စစ်တပ်က ဆင်ကူးကျေးရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။




















































