Hi, what are you looking for?
နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့...
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ ကျောက်မဲကြားက သမိုင်းဝင် ဂုတ်ထိပ်တံတားကြီး မနေ့က သြဂုတ် ၂၄ ရက်နေ့မှာ မိုင်းခွဲခံခဲ့ရပါတယ်။ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပေမဲ့ စစ်အုပ်စုက TNLA လက်ချက်ဆိုပြီး ဦးအောင်ဝါဒဖြန့်ပါတယ်။TNLA ကလည်းစစ်တပ်လက်ချက်ဆိုပြီးပြောပါတယ်။
ခေါင်းပေါ်၌ ဗုံးကြဲလေယာဉ်ဝဲနေစဉ် မိုးကြီးပြီးရေနှင့်ရွှံ့နွံများပြည့်နေသောဗုံးခိုကျင်းဘေး၌ ဒေါ်မိုးခိုင် တစ်ယောက် စိတ်ပျက်လက်ပျက်ထိုင်နေခဲ့သည်။ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများကြားမှ လောကဓံကို မဖြုံစတမ်းဖြတ်ကျော်လာခဲ့သည့် သူ့အဖို့ လူလုပ်ဘေး နှင့် သဘာဝဘေးနှစ်ခုကြား ကျဉ်းထဲကျပ်ထဲရောက်နေသည်။ ယခုလို တချိန်တည်းတွင်ဘေးမျိုးစုံကြုံနေရသောအဖြစ်အတွက် မှန်ကန်စွာတုံ့ပြန်နိုင်ရန် အဖြေကဘာဖြစ်မလဲ ဆိုသည်ကို သူမေးခွန်းထုတ်နေမိသည်။
Scorpio/People’s Spring အုံ့မှိုင်းနေတဲ့ မိုးသားတွေရဲ့အောက်မှာ မိုးကုတ်မြို့ကလေးဟာ ငြိမ်သက်နေတယ်။ နေ့လယ်နေ့ခင်းဖြစ်ပေမယ့် လမ်းပေါ်မှာ ယာဥ်သွားယာဥ်လာလည်းမရှိ ကင်းရှင်းတိတ်ဆိတ်နေတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ရက်ဆက်ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် ဘာဆိုင်မှလည်း မဖွင့်ကြတော့ဘဲ လူသွားလူလာ ကင်းမဲ့နေတာပါ။ စစ်ကောင်စီရဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငွေကြေးတက်နိုင်သူတချို့ကတော့ မန္တလေးမြို့ဆီ သွားရှောင်ကြပြီလို့ ဒေသခံတွေက ပြောတယ်။...