Hi, what are you looking for?
နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ၂ နာရီကျော်က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ကြိမ်တိုင် ဗုံးသီးကြဲချခဲ့ရာ ရဲစခန်းအဆောက် အဦး၏ အတွင်းသို့ကျရောက်ခဲ့သဖြင့် ရဲများက ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)က အသိပေးသည်။