Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ်ရှိ ပျူစခန်းနှင့် ခလရ (၂၅၆)တို့ကို PDFများ တစ်ပြိုင်တည်းတိုက်ခိုက်

ရေစကြိုမြို့နှင့် ၅မိုင်ခန့်အကွာ၊ စစ်ကောင်စီ၏ ခလရ (၂၅၆)၊ (၂၅၇)၊(၂၅၈) တပ်ရင်းများနှင့် မိုင်အနည်းငယ်သာကွာသည့် ဇီးတောပျူစောထီးစခန်းကို ယနေ့(ဖေဖော်ဝါရီ ၂၄ရက်) နံနက် အစောပိုင်း၌ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

(ရေစကြို(ပကဖ)မှ ရဲဘော်များများအား တွေ့ရစဥ်)
(ရေစကြို(ပကဖ)မှ ရဲဘော်များများအား တွေ့ရစဥ်)

▪️စစ်ကောင်စီတပ်သေဆုံးမှုများ၊ ပျူစခန်းသိမ်းပိုက်ခါနီးတွင် လေကြောင်းပစ်ကူလာ၍ ပြန်လည်ဆုတ်ခွာရ၊ စစ်ကူယာဉ်ကို မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောရွာအခြေစိုက် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်စွဲထားသောတပ်စခန်းကို ယနေ့နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

ရေစကြိုမြို့နှင့် ၅မိုင်ခန့်အကွာ၊ စစ်ကောင်စီ၏ ခလရ (၂၅၆)၊ (၂၅၇)၊(၂၅၈) တပ်ရင်းများနှင့် မိုင်အနည်းငယ်သာကွာသည့် ဇီးတောပျူစောထီးစခန်းကို ယနေ့(ဖေဖော်ဝါရီ ၂၄ရက်) နံနက် အစောပိုင်း၌ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒီနေ့မနက် ၇နာရီလောက်ကစပြီး ၉နာရီလောက်အထိ ဇီးတောပျူစောထီးရွာကို ဝင်သိမ်းတာ။ တစ်ပြိုင်တည်းမှာလည်း ခလရ(၂၅၆) တပ်ရင်းကိုတိုက်တာ။ တိုက်တော ဇီးတောပျူစောထီးရွာက ပျူစောထီးစခန်းက ရဖို့ကို တော်တော်နီးကပ်နေပြီ။ လက်နက်တွေကောက်ဖို့တွေနဲ့ အဆုံးသတ်ဖို့ပဲ ကျန်တဲ့အချိန်မှာ လေကြောင်းပစ်ကူ လာတယ်။ ပြီးရင် (၂၅၆)တပ်ထဲကနေ လက်နက်ကြီး ပစ်ကူပေးတယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး အရေအတွက် စိစစ်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“အကျအဆုံးကတော့ ပျူတွေ တော်တော်များများကျတယ်။ မြို့ပေါ်ကနေ တပ်ကူ ၁၂ဘီးကားနဲ့ ထွက်လာတဲ့ တိုက်ပွဲဖြစ်တဲ့ဆီကို အကူထွက်လာတဲ့ ကားလည်းလမ်းမှာ မိုင်းဆွဲလိုက်နိုင်တော့ တော်တော်ကို ထိခိုက်သေဆုံးမှုရှိတယ်။ အရေအတွက် အတိအကျက စုံစမ်းနေတယ်။ တိုက်ပွဲထဲမှာတော့ မျက်မြင်ကတော့ ငါးကောင်တော့ သေနေတာတွေ့ခဲ့တယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ထိခိုက်မှုမရှိဟု ဆိုသည်။

“အခြေအနေခြုံကြည့်ရင်တော့ လေကြောင်းကိစ္စက ကျွန်တော်တို့ တော်လှန်ရေး အရှိန်မြှင့်ဖို့တော့ ဒီဝေဟင်ပြဿနာက တော်လှန်ရေးရဲ့ အပေါ် တော်တော်ကြီးကို သက်ရောက်မှုရှိစေတာ။ အဲဒီပြဿနာ မရှင်းနိုင်ရင် တော်လှန်ရေး နောက်တစ်ဆင့်တက်ဖို့မလွယ်လောက်တဲ့အနေအထားရောက်နေတယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း တော်လှန်ရေးအတွက်အဓိက စိန်ခေါ်မှုမှာ ရန်သူ့၏လေကြောင်း အန္တရာယ်ဖြစ်ပြီး ယင်းကိစ္စကို ဖြေရှင်းနိုင်ရန် ကြိုးစားနေသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ