Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့ထဲလက်နက်ကြီးကျည်ကျ

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

(စစ်တွေမြို့ရှိအထက(၄)ကျောင်း။ (ပုံဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-​ဒေသခံ)

စက်တင်ဘာ-၈၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

စစ်​တွေမြို့၊အထက(၄)စာသင်ကျောင်းဝင်းအတွင်းရှိ ခရေပင်အနီးလက်နက်ကြီးကျရောက်ပေါက်ကွဲတာဖြစ်ပြီးကျောင်းပြတင်းပေါက်မှန်အချို့ထိခိုက်ပျက်စီးခဲ့ပေမယ့်လူအထိအခိုက်တော့မရှိဘူးလို့ဆိုပါတယ်။

“ကျောင်းရှေ့မှာတွင်းဖြစ်ကျန်ခဲ့တယ်။လူ တွေတော့ဘာမှမဖြစ်ဘူး။ကလေးတွေကိုတော့ကျောင်းလွှတ်လိုက်ပြီ”လို့စစ်တွေမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်အနောက်စံပြရပ်ကွက်ဘက်ကိုလည်းလက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီးအရပ်သားထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

“အနောက်စံပြဘက်မှာတလုံးကျတယ်။ဘယ်နားကျလဲတော့မသိသေးဘူး”လို့ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်တွေဟာ ဘယ်အဖွဲ့က ပစ်တဲ့ ကျည်ဖြစ်တယ်ဆိုတာကိုတော့မသိရပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ ပင်လယ်၀ရှိစစ်သင်္ဘောတွေကနေပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“လက်နက်ကြီးတွေ မြို့ပတ်ပတ်လည်ကပစ်နေတာတော့ဘယ်ဘက်ကလာလဲသတိမထားမိဘူး။ အမှတ် ၁၂ ရဲ တပ်ရင်းကရော၊ ဒကစထဲကရော၊ရေတပ်ကရောပဲဆိုတော့လေ။ဖြစ်နိုင်တာကတော့ Navy(​ရေတပ်သ​ဘော်)ကပစ်တာဖြစ်နိုင်တယ်။ပွိုင့်နားမှာရပ်ထားတဲ့ Navyကမနက်ကတည်းက လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာပါ”လို့ စစ်တွေမြို့ ရွှေပြားရပ်ကွက်မှာနေထိုင်တဲ့နောက်ထပ်မြို့ခံတဦးကပြောပါတယ်။

လက်ရှိမှာစစ်တွေမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်မှာစစ်တပ်နဲ့ အာရက္ခ တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာနေကာမြို့ပေါ်တပ်ရင်းတွေက​နေလက်နက်ကြီးပစ်ခတ်တာတွေဆက်တိုက်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

စစ်တပ်ဟာပြီးခဲ့တဲ့၂၀၂၄ခုနှစ်ဖေဖော်ဝါရီလ၂၉ ရက်နေ့ကလည်းစစ်တွေမြို့၊ကိုးရီးယားဆိပ်ကမ်းရှိ မြို့မစျေး ကြီးဝင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့ပါ သေးတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်လက်​အောက်မှာ ကုန်ဈေးနှုန်းကြီးမြင့်တာ ၊ ကုန်ပစ္စည်း​တွေရှားပါးပြတ်လပ်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ ၊ဖိနှိပ်မှု​ပေါင်းစုံကြား ဘယ်သူမှအသက်အာမခံချက်မရှိတာ စတဲ့ ပြည်သူ​​တွေအတွက် အထွေထွေအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်မှာ စစ်တပ်ရွေးကောက်ခံလွှတ်တော်အမတ်နဲ့ ရှမ်းပါတီဥက္ကဌတို့က သိန်းရာချီတန်တဲ့အရက်သောက်ပြပြီးတစ်နိုင်ငံလုံးသိ​အောင် ကြွားလုံးထုတ်ပြလိုက်ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။