Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအရှေ့ခြမ်းက စစ်စခန်းတွေ အရေး ပေါ်ပြန်ဆုတ်ပြီး မြို့တွင်းမှာစုဖွဲ့နေ

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

(မတ္တရာမြို့နယ်ကို ၂၀၂၅ ခုနှစ်မှာစစ်တပ်ကပြန်ထိန်းချုပ်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ )

စက်တင်ဘာ၉၊၂၀၂၆၊ကတ်သရင်း/ People’s Spring

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

စက်တင်ဘာလ ၉ ရက်မနက်ပိုင်း ကစပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ မြောင်းသစ်၊သဖန်းကိုင်းတံတား၊ကိုးလုံးပြွန်တံတား၊ကိန္ဒိရာ၊ ကျောက်ဆည်လေး၊ကင်းရွာတို့နဲ့မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းက မြွေပုံကန် အနီးဝန်းကျန်မှာ စစ်တပ် တပ်စွဲထားရာ​​နေရာတွေက​နေ တပ်ပြန်ဆုတ်တာ တွေရှိတယ်လို့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

“ခါတိုင်းလိုမဟုတ်ဘူး။တော်တော်ကိုရုပ်ပျက်ဆင်းပျက်ကိုရုတ်သွားတာ။ မနက်၉နာရီလောက်က ဗျူဟာမှူးကနေ အကုန်ပြန်ရုတ်တာ”လို့ ဒေသတွင်း တော်လှန် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တချို့ကျေးရွာ တွေမှာ ဒေသခံရွာသားတွေကို စစ်သားအနည်းငယ်နဲ့အတူကင်း စောင့်ခိုင်းထားတယ်လို့ သိရပါတယ်။

ဒါ​ပေမယ့် မြေပြင်ကစစ်သား​တွေတပ် ရုတ်သိမ်းမှုမှာ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဧရာဝတီ မြစ်ကမ်းဘေး ကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားတွေတော့ မပါဝင်ဘူးလို့ စုံစမ်းသိရပါတယ်။

“တနေရာကို အင်အားပို့မယ့်အနေအထားတော့ရှိတယ်။လက်ရှိအချိန်အထိတော့ မြို့တွင်းမှာပဲရှိနေတုန်းပဲလို့သိရတယ်”လို့ တော်လှန်ရေး သတင်းအရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ၁၃ ရက်​နေ့၊မနက်၃နာရီခွဲအချိန်မှာ မတ္တရာမြို့နယ်အနောက်ခြမ်းက ကြိမ်တောနဲ့ ကုန်းတန်းကြီးရွာတို့က စစ်စခန်း တွေကို PDF နဲ့ ပကဖ ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီး စစ်သား၆ဦးထက်မနည်းသေဆုံးကာ စစ်သားအချို့ကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုကို စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သား ၂ဦးကို သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်တပ် ခြေကုပ်စခန်းကုန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။