Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမူကြိုကျောင်းမှာ ပစ်ခတ်မှုဖြစ်၊ ရဲတစ်ဦးက ဇနီးကို ပစ်သတ်ခဲ့တာလို့ဆို

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ -Thai Enquirer

စက်တင်ဘာ-၉၊၂၀၂၆။People’s Spring

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ချွန်ဘူရီမှာရှိတဲ့ ဘန်လာမွန် ခရိုင်ထဲက မြူနီစီပယ် မူကြိုတစ်ခုမှာ စက်တင်ဘာ ၉ ရက် မွန်းမတည့်ခင် အချိန်လောက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ထိုင်းမီဒီယာတွေက ကျူးလွန်သူဟာ ရဲအရာရှိ တစ်ဦးလို့ ယုံကြည်ရပြီး ဇနီးဖြစ်သူ ကျောင်းဆရာမကို ပစ်သတ်ပြီးတဲ့နောက် အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

သံသယ တရားခံဖြစ်တဲ့ ဒုရဲအုပ် တက်ဆာပေါင် သွန်သက်ချ် ပုန်းအောင်းနေတဲ့ အိမ်ကို ရဲတွေက ရှာတွေ့ထားပြီး သူ့ကို လက်နက်ချဖို့ စည်းရုံးနားချနေဆဲလို့လည်း သိရပါတယ်။

မူကြိုကျောင်းက ကလေးတွေနဲ့ တခြား ဆရာဆရာမတွေ အားလုံးကတော့ ဘေးကင်းကြတယ်လို့လည်း ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းကြောင့် ရဲတွေက အလျင်အမြန် သွားရောက်ခဲ့တဲ့နောက် အသက် ၄၈ နှစ်အရွယ် ပိုင်လင် သွန်သက်ချ်ရဲ့ ရုပ်အလောင်းကို မုန့်စျေးတန်းထဲမှာ ရှာတွေ့ခဲ့ပါတယ်။

အမျိုးသမီးဟာ ဘယ်ဖက်နားထင်နားမှာ ကျည်ထိမှန် သေဆုံးထားပြီး အလောင်းနားမှာတော့ ၉ မမ ပစ္စတို ကျည်ခွံတစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ကလေးတချို့ကတော့ ကြောက်လန့်ပြီး ငိုယိုနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောင်းမှာရှိတဲ့ ကလေး ၄၄ ဦးစလုံးကို ဘေးကင်းတာ သေချာအောင် ရဲတွေက စီမံပေးပြီးတဲ့နောက် မိဘတွေဆီ ဆက်သွယ်ပြီး လာရောက် ခေါ်ဆောင်ခိုင်းခဲ့ပါတယ်။ ပြီးတော့ Honda ဆီဒင်ကား တစ်စီးကို မောင်းနှင်ပြီး ကျောင်းကနေ ထွက်ပြေးသွားတဲ့ သေနတ်သမားကို ရဲတွေက လိုက်ရှာခဲ့ကြပါတယ်။

မျက်မြင်တစ်ဦးရဲ့ အဆိုအရ အမျိုးသားတစ်ဦးဟာ ကျောင်းကို ကားမောင်းလာပြီး ပါကင်ထိုးခဲ့ကြောင်း၊ နောက်ပြီး အမျိုးသမီးနားကို ချဉ်းကပ်သွားပြီး စကားပြောဆိုခဲ့တဲ့နောက် သေနတ်သံ ထွက်ပေါ်လာကြောင်း သိရပါတယ်။ နောက်ပိုင်းမှာတော့ ရဲတွေက သေနတ်သမားနဲ့ သေဆုံးသူဟာ ဇနီးမောင်နှံတွေလို့ အတည်ပြုခဲ့ပါတယ်။

လောလောဆယ်မှာတော့ တရားခံကို ထိန်းသိမ်းနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်နေပြီး အမှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတွေက မထုတ်ပြန်သေးပါဘူး။

ကိုးကား – Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။