Connect with us

Hi, what are you looking for?

အတွေးအမြင်

ဟာယောင်းပေးတဲ့ သင်ခန်းစာ

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

ဝဇီရာ/People’s Spring

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

ဆရာဝန်မျိုးဆက်မို့ ဂုဏ်ယူတာက မဆန်းပါဘူး။ဆန်းတာကပရိသတ်တွေဟာထုံးစံအတိုင်း Google ခေါက်ကြတော့တာပါ။ အဲဒီမှာ ဘာတွေ့လိုက်သလဲဆိုတော့သူ့ရဲ့ဘေး(အဘိုးရဲ့အဖေ)ဖြစ်သူအန်ဆန်ဟိုဟာဂျပန်ကိုလိုနီခေတ်တုန်းကဂျပန်အလိုတော်ရိအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Daejeong Friendship Association မှာကောင်စီလူကြီးတစ်ဦးအနေနဲ့ ပါဝင်လှုပ်ရှားခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့တာပါပဲ။

သူ့အဘေးအန်ဆန်ဟိုဟာဂျပန်လိုလားတဲ့လုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ ကျန်ရစ်ခဲ့တဲ့ဆရာဝန်တစ်ဦး ဖြစ်နေတယ်။ ကိုရီးယားပြည်သူတွေဟာ ဂျပန်ကိုလိုနီခေတ်မှာ ရရှိခဲ့တဲ့ ကိုယ်ရောစိတ်ပါ ဖိနှိပ်မှုတွေကို မျိုးရိုးအစဥ်အဆက် အမှတ်သည်းခြေ ရှိခဲ့ကြတယ်။ ဒါ့ကြောင့် ဂျပန်အလိုတော်ရိမျိုးဆက် မင်းသမီး ဟာဟောင်းဟာ ပြဿနာတွေ တက်ပါတော့တယ်။

Public Service Announcement

Public Service Announcement

အဲဒီမင်းသမီးရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာ သူ့ကို အနုပညာအလုပ် အနားယူလိုက်ဖို့ တိုက်တွန်းတဲ့မှတ်ချက်တွေပလူပျံလာခဲ့တယ်။အင်တာနက်သုံးစွဲသူ အများအပြားက သူ့ကို ဂျပန်လိုလားတဲ့ သစ္စာဖောက်အဖြစ် ပြောဆိုခဲ့ကြတယ်။

ဟာ​ယောင်းရဲ့ အင်စတာဂရမ်အကောင့်မှာဆိုရင် တောင်ကိုရီးယားပြည်သူတစ်ဦးက “မျိုးဆက်ပေါင်းများစွာ သက်သောင့်သက်သာနဲ့ အခွင့်ထူးခံဘဝနဲ့ နေခဲ့ရတာ လုံလောက်ပြီ မဟုတ်ဘူးလား”လို့ မှတ်ချက်ရေးခဲ့တာ Likes(သဘောကျမှု)၃၅,၀၀၀ကျော်ရရှိခဲ့တယ်။

ပထမပိုင်းမှာတော့ ဟာယောင်းရဲ့ အေဂျင်စီက ဒီသတင်းတွေကို ငြင်းဆိုခဲ့ပေမယ့် သမိုင်းမှတ်တမ်းအထောက်အထားတွေအခိုင်အမာပေါ်လာတဲ့အခါမှာတော့မှားယွင်းကြောင်း ဝန်ခံခဲ့ရပြီး တောင်းပန်ချက်ထုတ်ခဲ့ရပါတယ်။

မင်းသမီးဟာယောင်းဟာသြဂုတ်လ ၁၂ ရက်နေ့ကသူ့ရဲ့အင်စတဂရမ်မှာမိသားစုရဲ့ အတိတ်သမိုင်းကို မသိနားမလည်ခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်းရေးသားခဲ့ပါတယ််။

“ဒီအချိန်အထိကျွန်မရဲ့ ဘိုးဘေးရဲ့ ဘဝကို မိသားစုအတွင်းမှာ လက်ဆင့်ကမ်းပြောပြလာတဲ့အပိုင်းအစပုံပြင်တွေနဲ့ပဲသိခဲ့ပါတယ်”လို့ ဆိုတယ်။ “ရှက်စရာကောင်းတာက အဲဒီလို မသိနားမလည်တဲ့ အနေအထားနဲ့ပဲ ဘိုးဘေးရဲ့ ပုံပြင်တွေကို အမျိုးမျိုးသော နေရာတွေမှာမိသားစုရဲ့ဂုဏ်ယူစရာတစ်ခုလို ပြောဆိုမိခဲ့ပါတယ်”လို့ သူက ဝန်ခံခဲ့ပါတယ်။

​ကိုရီးယားနိုင်ငံမှာ ဂျပန်ကိုလိုနီခေတ်က ဂျပန်ဘက်ကနေ ရပ်တည်ခဲ့သူတွေရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီးပြည်သူတွေက အလွန်တရာ အာရုံခံလွယ်ကြတာကြောင့် မင်းသမီးရဲ့ ကားရိုက်ပရိုမိုးရှင်းပွဲတွေ၊ အင်တာဗျူးတွေနဲ့ ကြော်ငြာလုပ်ငန်းတွေပါ ရပ်ဆိုင်းခံလိုက်ရတဲ့အထိ ကြီးမားတဲ့ သက်ရောက်မှုနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။အခုထိလည်း အဲဒီကိစ္စ မပြီးဆုံးသေးပါဘူး။

လူ့ဘောင်အဖွဲ့အစည်းတစ်ခုမှာ “မျိုးရိုး” ဆိုတာ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် တစ်စုံတစ်ရာသော သက်ရောက်မှုတွေ၊ အမွေအနှစ်တွေကို သယ်ဆောင်လာတတ်ပါတယ်။ ကျနော်တို့ ခေါင်း​​​ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံခဲ့တဲ့ဂဠုန်ဦးစောရဲ့မျိုးဆက်တွေဆိုရင် သမီးတွေ မြေးတွေအထိ အဘိုးဖြစ်သူရဲ့ လုပ်ရပ်ကြောင့် မျက်နှာငယ်ရတာတွေ​၊ ကျောင်းပြောင်းခဲ့ရတာတွေ ရှိခဲ့ဖူးသတဲ့။

​လက်ရှိ ကျနော်တို့နိုင်ငံမှာလည်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘဝတွေကို ဒုက္ခပေးနေတဲ့ စစ်တပ်နဲ့ပေါင်းပြီး အကျိုးအမြတ်ရှာနေသူတွေ၊ စစ်တပ်ထောက်ခံအားပေးနေတဲ့ အနုပညာရှင်တွေကို ပြည်သူတွေက အမျိုးမျိုး Boycott (ဘွိုင်းကောက်) လုပ်တာတွေ၊ ဝိုင်းဝန်းပယ်ချတာတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

သေချာကတော့ကိုယ်လုပ်ခဲ့တဲ့အပြုအမူတွေဟာ ကံတွေအဖြစ် ကိုယ့်နောက်တောက်လျှောက် သံသရာအထိ လိုက်ပါနေမှာဖြစ်သလို ကိုယ်သေဆုံးသွားရင်​တောင်မှ ကိုယ့်မျိုးဆက်ကပါကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ယူကြရဦးမှာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

နိုင်ငံတကာ

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

သတင်း

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ထိပ်သီး အစည်းအဝေးဟာ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ယူဆထားပါတယ်။