Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ ရခိုင်ထိုးစစ် တစ်ပတ်နီးပါးကြားတဲ့ထိ AA စခန်းတခုမှမသိမ်းနိုင်

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

(အာရက္ခတပ်​တော်တပ်ဖွဲ့ဝင်​တွေ ။ ဓါတ်ပုံ-AA infodesk )

စက်တင်ဘာ-၉၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ ၁၄ မြို့နယ်ထဲက နေရာအချို့ကို အာဏာသိမ်းစစ်တပ် က ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး ထိုးစစ်ဆင်တယ်ဆိုပေမယ့် တစ်ပါတ်နီးပါးကြာတဲ့ထိ စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တပ်စခန်းတွေ ထပ်မပါသွားဖို့သာခံစစ်လုပ်နေကြရတယ်လို့မြေပြင်သတင်းရင်း မြစ်တွေနဲ့​ဒေသခံ​တွေက ပြောပါတယ်။

စစ်တပ်က စက်တင်ဘာလ ၄ ရက်မှစပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း မြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေ၊ ကျောက်ဖြူမြို့နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေနဲ့ ရခိုင်အစပ် မကွေး တိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်းထဲက ပန်းတောင်း၊ဧရာ၀တီတိုင်း ထဲက ရေကြည်၊ သာပေါင်းစတဲ့မြို့နယ်​တွေရှိ AA ထိန်းချုပ်ဒေသ တွေကို အင်အားအများအပြားသုံးတန်ပြန်ထိုးစစ်လုပ်နေပါတယ် ။စစ်တပ်​ထောက်ခံသူ​တွေနဲ့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေက ဒီတန်ပြန်စစ်ဆင်​ရေးကို ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ​ပြောဆိုဝါဒဖြန့်​နေတာကို​တွေ့ရပြီး အာဏာသိမ်းစစ်တပ်က​တော့တရားဝင်သတင်းမထုတ်ပြန်ပါဘူး။

“လော်ဘီတွေ လိုင်းပေါ်မှာပဲ ကြွားလုံးထုတ်နေတာ။ တကယ့်မြေပြင်မှာ ခွေးပြေးဝက်ပြေး၊ ပြေးနေရတာ။ ကျောက် ဖြူမှာဆိုရင် တော်မော်ဦးဘက်ကနေ သူတို့ထိုးစစ်ဆင်လာတယ်။ ပြေးရတာပဲ။ ပြေးရတဲ့အပြင် အခု ဓည၀တီ (ရေတပ်စခန်း)ကိုပါ သွားတိုက်နေပြီ ကိုယ့်ဘက်က” လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းကနေ အ၀တောင်စခန်းသို့ အင်အားဖြည့်ပြီး အဲဒီကနေ စနဲမြို့ဘက်ဆီ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေခဲ့ပေမယ့် AA ရဲ့ တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ပြေးရကာ လက် ရှိမှာ အ၀တောင်ရွာအနီးမှာပဲ ခံစစ်အနေအထားနဲ့ ခုခံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AAက ကျောက်ဖြူမြို့နယ်ရှိ ဓည၀တီရေတပ်စခန်းကာကင်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒီနေ့(စက်တင်ဘာ ၉ )နေ့လယ်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

“ဓည၀တီရေတပ်စခန်းနားကသစ်ပုတ်တောင်ကာကင်းတွေကို တိုက်နေတယ်။ ဒီကောင်တွေ ထိုးစစ်ဆင်တယ်လို့တောင် ပြောလို့မရပါဘူး။ကြည့်ရသလာက် အသည်းအသန် ခုခံနေရတာပဲ တွေ့တယ်” လို့ ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

အလားတူပဲ စစ်တွေမြို့နယ်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုအင်အားရာချီပါတဲ့စစ်ကြောင်းနှစ်ခုနဲ့ ထိုးစစ်စ ခဲ့ပေမယ့် စစ်ကြောင်းတခုဟာ တိုက်ပွဲပထမနေ့မှာပဲ အကျအဆုံးများပြီး နောက်ပြန်ဆုတ်ခဲ့ရပါတယ် ။ကျန်စစ်ကြောင်းတခုကလည်း ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ စစ်​ရေးသတင်းရင်းမြရင်းမြစ်​တွေက​ပြောပါတယ်။

စစ်တပ်ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာပဲ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားကနေ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်း တောင်ရွာဘက်ဆီ စစ်ကြောင်းတခု၊ရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက် ရဲရိုးပြင်၊ ဆားပို့ တောင်၊ အောင်မြေကုန်းစတဲ့ ရွာတွေဘက်ထိစစ်ကြောင်းတခုထိုးစစ်ဆင်ခဲ့တာပါ။အမြင့်ကျွန်းတံတားကတက်လာတဲ့စစ်ကြောင်းဟာ ကွမ်းတောင်ရွာနားအရောက်မှာ အကျအဆုံးများပြီး တပ်လန် ဆုတ်ပြေးခဲ့ရကာ အရင်က စခန်းချနေခဲ့တဲ့ အမြင့်ကျွန်းတံတားပေါ်ကနေပါ ဆုတ်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းကနေ ထွက်လာတဲ့စစ်ကြောင်းတခုပဲ ကျန်တော့ပြီး အဲဒီစစ်ကြောင်းဟာလည်း ရှေ့မတိုးနိုင်တော့ဘဲ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေပေးကာ ဆားပို့တောင်ရွာဝန်းကျင်မှာပဲ တန့်နေတယ် လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“ပထမနှစ်ရက်လာက်ပဲ လူအားနဲ့ ထိုးနိုင်ခဲ့တာ။ အဲဒီရက်တွေမှာလည်း သေတာမနည်းဘူး၊ ထွက်ပြေးတဲ့ကောင် ပြေးဆိုတော့ ရှေ့လည်းမတိုးရဲကြဘူး။ AA ကသာ လိုက်တိုက်ရင် ဒီကောင်တွေ ရွှေမင်းဂံထိတောင် ပြန်ရောက်နေ လောက်ပြီ။ ဒါပေမယ့် မတိုက်ဘဲ ဆိုင်နေတာတွေ့တယ်။ လက်နက်ကြီးတွေနဲ့ပဲ ပစ်နေတယ်။ ရင်ဆိုင်တိုက်ပွဲ သိပ် မရှိတော့ဘူး” လို့ ၎င်းက ဆက်​ပြောပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေမှာတော့ စစ်တပ်ရဲ့ ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိုးစစ် တွေမှာ AA စခန်းတွေ သိမ်းပိုက်ရရှိတယ်၊ အလောင်းတွေရတယ်၊လက်နက်​တွေရတယ်လို့ ​ရေးသား​​ပြောဆိုဖြန့်​ဝေ​နေကြပေမယ့် လက်တွေ့ စစ်​မြေမှာတော့ AA က လက်လွှတ်ထားရတဲ့ စခန်းမရှိသေးဘူးလို့ မြေပြင်စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ် ဝါဘိုကျွန်းရှိ ကျေးရွာတွေ၊ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကျေးရွာ တွေနဲ့ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်က အရပ်သားလူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက်ပစ်ခတ်နေပြီး မြေပြင်ထိုးစစ် ဆက်လုပ်တာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

AA ဘက်ကလည်း စစ်တပ်အထိုင်စခန်းတွေနဲ့ တပ်ရင်းတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး စက်တင်ဘာ၉ မနက် ပိုင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ရဲ့ ရွှေမင်းဂံရေတပ်စခန်းအပြင်ဘက်ကာကင်းစခန်းမှာ ကျရောက်ကာ တ ဆယ်ဝန်းကျင်သေဆုံးခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“ရွှေမင်းဂံကထွက်လာတဲ့ကောင်တွေ ရှေ့လည်း တိုးမရဘူး။ နောက်လည်း မဆုတ်ဘဲ နေ နေကြတယ်။ ကိုယ့်လူတွေကလည်းစနိုက်ပါနဲ့ရော လက်နက်ကြီးနဲ့ပါ အခွင့်အရေးရရင် ရသလို လိုက်ချနေတယ်။ မနက်ကတဆယ်လောက်ရလိုက်တယ်”လို့ဆိုပါတယ်။

ရခိုင်ပြည်ပြင်ပရိုးမအရှေ့ဘက်ခြမ်းမကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်မြို့နယ်တို့အတွင်းတိုက်ပွဲတွေမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို AA က ဖြတ်တိုက်တာကြောင့် တိုက်ပွဲပြင်းနေကာ စစ် တပ်ဘက်က အထိနာနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၈ ရက်နဲ့ စက်တင်ဘာလ ၉ ရက်နေ့​တွေမှာ ပန်းတောင်မြို့နယ် ညောင်ကျိုးနဲ့ ပွိုင့် ၆၆၆ ကုန်းအနီးဝန်းကျင်တို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး မကွေးတိုင်း ပဒါန်းမြို့နယ် နတ်ရေကန်ဗျူဟာကုန်းအနီး၊ ပဇီရွာဝန်း ကျင်တို့မှာ တိုက်ပွဲဖြစ်​နေပါတယ်။

“နတ်ရေကန်ဘက်မှာ အခြေအနေကောင်းတယ်။ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ရလဒ်ကတော့ ကောင်း နေတယ်” လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်ကလူထု​နွေဦးကို ပြောပါတယ်။

နိုင်ငံအဝှမ်း စစ်အရေးအရ အထိနာနေတဲ့စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက သူတို့လက်လွှတ်ထားရတဲ့နယ်မြေ တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ရခိုင်နဲ့အစပ် မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းတို့ကနေ အင်အားအလုံးအရင်းနဲ့ စစ် ကြောင်းထိုးလာနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာနေတာပါ။ ဒါ​ပေမယ့်​မြေပြင်တိုက်ပွဲ​တွေမှာ စစ်မှုထမ်းစစ်သားသစ်အများစုသုံးထားပြီး​သေဆုံး ဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊အလင်းဝင်သူ​တွေဆက်တိုက်တိုး​နေပြီး အထိနာကာ စစ်ကူ​တွေဆက်တိုက်ပို့​နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စက်သုံးဆီခြိုးခြံချွေတာဖို့ အကြောင်းပြချက်နဲ့ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ် ၊ ယာဉ်ထိန်းရဲ နဲ့ အုပ်ချုပ်ရေး အဖွဲ့တွေအတွက် ဝင်ငွေရလမ်းဖြစ်ခဲ့တဲ့ စုံ/မ ကားစနစ်ကို ဒီနေ့(စက်တင်ဘာ၉)မှာ ဖျက်သိမ်းလိုက်ပြီလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။