Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန်ကာကွယ်ရေးတပ်ကို တာဝေးပစ်လက်နက်ဖြင့်တိုက်ခိုက်ခံရပြီးနောက်နေပြည်တော်အဝင်တောင်ကြောများတွင် စစ်​တပ်ကစစ်ကြောင်းထိုးနေ

စစ်ကောင်စီတပ်သည် ယခင်ကတည်းက ​နေပြည်​တော်၊ ရှမ်းနှင့် ကရင်နီ(ကယား)နယ်စပ်စည်းတ​လျှောက် အထိုင်ချကာ တပ်အင်အားတိုးချဲ့ထားပြီးယခုမူ၎င်းနယ်စပ်စည်းများနှင့် ဆက်စပ်နေသည့် တောင်ကြောများကိုပါ တောနင်းစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

​နေပြည်​တော်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကို တာ​ဝေးပစ် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-NPT-PDF
​နေပြည်​တော်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကို တာ​ဝေးပစ် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-NPT-PDF

လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များ၏ တာဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နေပြည်တော်အဝင်တောင်ကြောများတွင်စစ်ကြောင်းထိုးနေကြောင်းတော်လှန်ရေးတပ်ဖွဲ့များက People’s Spring သတင်းဌာနသို့ ပြောသည်။

PDF တပ်ဖွဲ့များကလိပ်သိုမြို့ရှိ စစ်တပ်ဗျူဟာကုန်းနှင့်နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ်တို့ကိုဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် တာဝေးပစ်ဒုံးသုံးစင်းဖြင့် နှစ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်စစ်တပ်ကနေပြည်တော်အဝင် တောင်ကြောများတွင် အင်အားတိုးစစ်​ကြောင်းထိုး​နေခြင်းဖြစ်သည်။

​နေပြည်​တော်ဝန်းကျင်ကို Google Map တွင်​တွေ့ရမှု
​နေပြည်​တော်ဝန်းကျင်ကို Google Map တွင်​တွေ့ရမှု

“စကစ ကစစ်​ကြောင်းထိုး​နေတယ်။လယ်​ဝေးနဲ့ပျဥ်းမနားအ​ရှေ့ဘက်​တောင်​ကြောတွေမှာ”ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်စစ်ဒေသခွဲမှတာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းမှာအင်အားတစ်ရာကျော်ပါသည်ဟုခန့်မှန်းရပြီး လတ်တလောတွင် တောင်မြင့်၊ ​ရေပူ၊ အလည်​ချောင်း စသည့်ကျေးရွာများတ​လျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းနေပြည်တော်စစ်ဒေသခွဲ တာဝန်ရှိသူကဆက်ပြောသည်။

Public Service Announcement

Public Service Announcement

PDF တပ်ဖွဲ့များ တာဝေးပစ်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လိပ်သိုစစ်တပ်ဗျူဟာကုန်း
PDF တပ်ဖွဲ့များ တာဝေးပစ်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လိပ်သိုစစ်တပ်ဗျူဟာကုန်း

စစ်ကောင်စီတပ်သည် ယခင်ကတည်းက ​နေပြည်​တော်၊ ရှမ်းနှင့် ကရင်နီ(ကယား)နယ်စပ်စည်းတ​လျှောက် အထိုင်ချကာ တပ်အင်အားတိုးချဲ့ထားပြီးယခုမူ၎င်းနယ်စပ်စည်းများနှင့် ဆက်စပ်နေသည့် တောင်ကြောများကိုပါ တောနင်းစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

“သူတို့(စစ်ကောင်စီတပ်) နယ်စပ်စည်းမှာကို ခံစစ်အ​နေအထားကာထားပြီး မကြာခဏ စစ်​ကြောင်း​ထိုး၊တောနင်း​လေ့ရှိတယ်”ဟု နေပြည်တော်စစ်ဒေသခွဲမှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

PDF တပ်ဖွဲ့များ၏ ယခုရက်ပိုင်း တာဝေးပစ်ဒုံး စစ် ဆင်ရေးများတွင် လိပ်သိုမြို့ စစ်တပ်ဗျူဟာကုန်းသို့ ထိမှန်အောင်ပစ်ခတ်နိုင်ခြင်း၊ နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ်ဝန်းမှ အရာရှိဆောင်ဟုယူဆရ​သောအ​ဆောင်ထိမှန်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်သော်လည်း တိတိကျကျ မသိရ​သေး​ကြောင်း​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။