Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ စစ်တပ်ပြည်ထဲရေးဝန်ကြီး PSO မောင်းတဲ့ကားတိုက်လို့ ဒုဗိုလ်မှူးကြီး ၁ဦး သေဆုံး

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

စက်တင်ဘာ-၉၊၂၀၂၆။အိမ်သွင်/People’s Spring

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝင်းနိုင်ထွန်းမောင်းလာတဲ့ကားက ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်က ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းနဲ့ ဒုအရာခံဗိုလ် ပြည့်ငြိမ်းမောင်းလာတဲ့ဆိုင်ကယ်ကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုက ပျဥ်းမနားမြို့နယ်က ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် မှာ စက်တင်ဘာ ၈ ရက် ည ၁၁ နာရီခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းက ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ဖြစ်ပြီး မိနစ်အနည်းငယ်အကြာမှာ လူမှုရေးအဖွဲ့တွေသွားသယ်ခဲ့တာ။ စစ်တပ်ကနောက်ကလိုက်လာပြီး သတင်းမတင်ကြဖို့ ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒုအရာခံဗိုလ် ပြည့်ငြိမ်းလည်း ဆေးရုံမှာကုသနေရဆဲလို့ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KTV ကနေ အပြန်မှာဖြစ်တာလို့ ဒေသခံအချို့ကပြောပေမယ့် သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဗိုလ်ကြီးဝင်းနိုင်ထွန်းကို စစ်‌တပ်က ညတွင်းချင်း ဖမ်းခေါ်သွားတယ်လို့လည်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ကား ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာ ၁၀ ဦးဒဏ်ရာရရှိမှု ဒီကနေ့ စက်တင်ဘာ ၁ ရက် နံနက်က ဖြစ်ပွားခဲ့ပါတယ်။