Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် ကန်တော်ကြီးမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

(ကန်တော်ကြီးအတွင်းမှာ တွေ့တဲ့ အမျိုးသား ၁ဦး ရုပ်အလောင်းကို ဆယ်ယူနေစဉ်။ ဓာတ်ပုံ - ဒီဃာယုက လူမူကူညီရေးအသင်း)

စက်တင်ဘာ -၈၊၂၀၂၆။မိုမို/People’s Spring

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

စက်တင်ဘာ ၆ ရက်က ဆယ်ယူတွေ့ခဲ့တဲ့ ရုပ်အလောင်းဟာ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ဦးဖြစ်ပြီး မိသားစု၀င်တွေက လူပျောက်တိုင်ကြားထားတဲ့သူလို့ ဆိုပါတယ်။

“မင်္ဂလာတောင်ညွန့်ထဲက ပဲ။ပျောက်နေတာ ပြီးခဲ့တဲ့ လေးငါးရက်လောက်ကတည်းကလို့ မိသားစုကပြောတယ်။အကြောင်းအရာ အသေးစိတ်တော့ မသိရသေးဘူး”လို့ ဒီဃာယုကလူမှုကူညီရေးအသင်း အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ သေဆုံးသူရဲ့ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးပို့ဆောင်ထားပြီး ရဲစစ်ချက်ယူနေဆဲလို့ အသိပေးပါတယ်။

“သတ်ခံရတာလား၊ဘာကြောင့်လဲမသိဘူး။ရုပ်အလောင်းပေါ်လို့ ဆိုပြီး သွားကြည့်ကြတာ”လို့ မင်္ဂလာတောင်ညွန့်မြို့ခံတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၈လ၀န်းကျင်ကလည်း ကန်တော်ကြီးမှာ အမျိုးသား ၁ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ဖူးပြီး ၂နှစ်အတွင်း ရေထဲသေဆုံးသူအမျိုးသား ၃ဦးရှိပြီလို့ ဒေသဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။

စက်တင်ဘာ ၇ရက် ညပိုင်းကလည်း ရန်ကုန်မြို့လယ်က ဗိုလ်တထောင်မြို့နယ်၊ ၄၁ လမ်း အပေါ်ဘက်မှာ သက်ကြီးပိုင်းအမျိုးသမီး ၁ဦး နေအိမ်မှာ အသတ်ခံရမှု ဖြစ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရန်ကုန်အပါအဝင်မြို့ရွာတွေမှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ လူပျောက်မှုတွေ၊ အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ၊ လုယက်မှုတွေနဲ့လူသတ်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။