သတင်း အသံတိတ်သပိတ်နှိုးဆော်တဲ့အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို မြို့ပြကြွက်တိုက်ခိုက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် အသံတိတ်သပိတ်ကို နှိုးဆော်တဲ့အနေနဲ့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း လှည်းတန်းမှာ Bluetooth Speakerနဲ့ ဆန္ဒပြ ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ လှည်းတန်းဈေးအနီးမှာ Bluetooth Speakerနဲ့ တော်လှန်ရေးသီချင်းဖွင့်ပြီး ဆန္ဒပြတာကို ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း စစ်ကောင်စီ ကျရှုံးခန်းမြင်ရရေး ပြည်သူတွေ ဆက်လက်ပါဝင်အားဖြည့်ပေးဖို့ ချောက်ပကဖ တာဝန်ခံ တိုက်တွန်း ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တော်လှန်နေချိန် လိုအပ်ချက်တွေများတာကြောင့် ပြည်သူတွေအနေနဲ့ ပါဝင်အားဖြည့်ပေးဖို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုဘကွန်းက တိုက်တွန်းလိုက်ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ဒုတပ်ကြပ်အပါအဝင် စစ်သား ၄ဦး လက်နက်နဲ့အတူ PRA မကွေးထံအလင်းဝင် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway)လှုပ်ရှားနေတဲ့ အမ်း - ပဒန်းလမ်းပိုင်း၊ ဇင်ပြွန်းကျေးရွာအနီး တာဝန်ကျနေတဲ့ ဒုတပ်ကြပ် တစ်ဦးအပါအဝင်စစ်သားဝင် ၄ဦး အလင်းဝင်လာကြောင်း PRA – Magway က ဒီကနေ့ (ဒီဇင်ဘာ ၇ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း မုံရွာမှာ စစ်တပ်က ပေါ်တာဆွဲလို့အလုပ်ပြန်လူငယ်တွေ ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဒီကနေ့ ညနေပိုင်းကလည်း စစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာပတ်ဆွဲလို့ အလုပ်ပြန်လူငယ်တွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်းမြို့ခံတွေကပြောပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ဗန်းမောက်ကို စစ်တပ်ဗုံးကြဲ၊ စစ်ဘေးရှောင်၁ဦး သေဆုံးပြီး ၆ဦးဒဏ်ရာရ ပြည်သူ့ကာကွယ်ရေးတပ် တွေထိန်းချုပ်ထားတဲ့နဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ စစ်ဘေးရှောင်၁ဦး သေဆုံးပြီး၆ဦးဒဏ်ရာရသွားပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ဗုံးကြဲခံရလို့ လူအစုလိုက်အပြုံလိုက်သေခဲ့တဲ့မိုးမိတ်မြို့၊ မြစ်ဆုံရွာကိုစစ်တပ် ဗုံးထပ်ကြဲ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ စစ်ရှောင်တွေအပါအဝင် ၁၁ဦးသေဆုံးခဲ့တဲ့ မိုးမိတ်မြို့ မြစ်ဆုံရွာကို ဒီနေ့မှာလည်း စစ်တပ်က ဗုံးထပ်ကြဲနေပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း စစ်တပ်ကတောင်သာ-မြင်းခြံလမ်းတလျှောက်ကရွာတွေက အိမ်ခြေနှစ်ရာဝန်းကျင်ကို မီးရှို့ မန္တလေးတိုင်း၊တောင်သာ-မြင်းခြံလမ်းတလျှောက်နဲ့ တောင်သာမြို့အနီးတဝိုက်က ကျေးရွာခြောက်ရွာကို စစ်တပ်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ပုလဲ၊မင်းတိုင်ပင်ရွာကနေ စစ်တပ်ကဒရုန်းနဲ့ကင်းထောက်နေလို့စစ်ရေးသတိရှိကြဖို့ PDFသတိပေး စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာစစ်တပ်စစ်ကြောင်းက ဒရုန်းတွေနဲ့ ကင်းထောက်နေတာကြောင့် စစ်ရေးအထူးသတိရှိဖို့ပုံတောင် Tiger PDF က ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025
သတင်း ဂျိုရှုအာဗန်ဟာ UFC ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်လာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာလက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာအဲလက်စ်ဇန်းဒရေးပန်တိုဂျာနဲ့ မြန်မာအချိန် ယနေ့ နံနက်ယှဥ်ပြိုင်ထိုးသတ်တာမှာ ပန်ထိုဂျာဟာပထမအချီ၂၆ စက္ကန့် မှာပဲလက်မှာဒဏ်ရာအပြင်းအထန်ရပြီးဆက်မထိုးနိုင်တော့ပဲအရှုံးပေးလိုက်ပါတယ်။ ludunwayooဒီဇင်ဘာ 8, 2025