Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မော်တော်ယာဥ်တွေ ဆီဝယ်ပမာဏ စစ်ကောင်စီကန့်သတ်

​မန္တလေးတိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဥ်တွေကို တစ်ကြိမ်ဝယ်ရင် ရောင်းချပေးရမယ့် စက်သုံးဆီပမာဏကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

(မန္တလေးမြို့မှာ စက်သုံးဆီရဖို့စီတန်းနေကြစဉ်နဲ့ စစ်ကောင်စီရဲ့ စက်သုံးဆီရောင်းချမှုကန့်သတ်သည့်ကြေညာချက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မတ် ၉၊ ၂၀၂၆ ဇေအောင်/People’s Spring

​မန္တလေးတိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဥ်တွေကို တစ်ကြိမ်ဝယ်ရင် ရောင်းချပေးရမယ့် စက်သုံးဆီပမာဏကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

​ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကစပြီး ယာဥ်အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ရင် ဆိုင်ကယ် ၂ လီတာ၊ သုံးဘီးနဲ့ အိုးဝေ ၄ လီတာ၊ အိမ်စီးကားများ ၁၂ လီတာ၊ Light Truck (အိမ်စီးကားအမျိုးအစား)၂၀ လီတာ၊ ခရီးသည်တင်ယာဉ်နဲ့ ကုန်ကားကြီးများ ၅၀ လီတာသာ ဝယ်ယူခွင့်ရှိတော့မှာဖြစ်ကြောင်း စစ်ကောင်စီက ဆီဆိုင်တွေမှာ အသိပေးပါတယ်။

“အခုကတော့ ဆိုင်တွေက မမှန်သေးဘူး။ တစ်သောင်းဖိုးရောင်းတဲ့ဆိုင် ရောင်းတယ်။ တစ်သောင်းခွဲဖိုးရောင်းတဲ့ဆိုင် ရောင်းတယ်။ ပတ်ဝယ်နေရတာပဲ”လို့ မန္တလေးမြို့က သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အရောင်းဆိုင်တွေအနေနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ ရောင်းချရမည်ဖြစ်ပြီး၊ ပုံး သို့မဟုတ် ပေပါနဲ့ ရောင်းချခြင်းကို လုံးဝခွင့်မပြုဘဲ တားမြစ်ထားတယ်လို့ သိရပါတယ်။

စက်သုံးဆီဆိုင်တွေအနေနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေရဲ့ထောက်ခံချက်ပါတဲ့ ဌာနဆိုင်ရာယာဥ်တွေကို ဦးစားပေးရောင်းဖို့ကိုလည်း စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စုံမခွဲတဲ့စနစ် ရှုပ်ထွေးမှုကြောင့်မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ တစ်ဆိုင်တစ်မျိုး ရောင်းချနေကြပြီး ပြည်သူတွေဝယ်ယူရခက်ခဲနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook