Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မော်တော်ယာဥ်တွေ ဆီဝယ်ပမာဏ စစ်ကောင်စီကန့်သတ်

​မန္တလေးတိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဥ်တွေကို တစ်ကြိမ်ဝယ်ရင် ရောင်းချပေးရမယ့် စက်သုံးဆီပမာဏကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

(မန္တလေးမြို့မှာ စက်သုံးဆီရဖို့စီတန်းနေကြစဉ်နဲ့ စစ်ကောင်စီရဲ့ စက်သုံးဆီရောင်းချမှုကန့်သတ်သည့်ကြေညာချက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မတ် ၉၊ ၂၀၂၆ ဇေအောင်/People’s Spring

​မန္တလေးတိုင်းအတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဥ်တွေကို တစ်ကြိမ်ဝယ်ရင် ရောင်းချပေးရမယ့် စက်သုံးဆီပမာဏကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

​ပြီးခဲ့တဲ့ မတ်လ ၆ ရက်ကစပြီး ယာဥ်အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ရင် ဆိုင်ကယ် ၂ လီတာ၊ သုံးဘီးနဲ့ အိုးဝေ ၄ လီတာ၊ အိမ်စီးကားများ ၁၂ လီတာ၊ Light Truck (အိမ်စီးကားအမျိုးအစား)၂၀ လီတာ၊ ခရီးသည်တင်ယာဉ်နဲ့ ကုန်ကားကြီးများ ၅၀ လီတာသာ ဝယ်ယူခွင့်ရှိတော့မှာဖြစ်ကြောင်း စစ်ကောင်စီက ဆီဆိုင်တွေမှာ အသိပေးပါတယ်။

“အခုကတော့ ဆိုင်တွေက မမှန်သေးဘူး။ တစ်သောင်းဖိုးရောင်းတဲ့ဆိုင် ရောင်းတယ်။ တစ်သောင်းခွဲဖိုးရောင်းတဲ့ဆိုင် ရောင်းတယ်။ ပတ်ဝယ်နေရတာပဲ”လို့ မန္တလေးမြို့က သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အရောင်းဆိုင်တွေအနေနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ ရောင်းချရမည်ဖြစ်ပြီး၊ ပုံး သို့မဟုတ် ပေပါနဲ့ ရောင်းချခြင်းကို လုံးဝခွင့်မပြုဘဲ တားမြစ်ထားတယ်လို့ သိရပါတယ်။

စက်သုံးဆီဆိုင်တွေအနေနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေရဲ့ထောက်ခံချက်ပါတဲ့ ဌာနဆိုင်ရာယာဥ်တွေကို ဦးစားပေးရောင်းဖို့ကိုလည်း စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စုံမခွဲတဲ့စနစ် ရှုပ်ထွေးမှုကြောင့်မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ တစ်ဆိုင်တစ်မျိုး ရောင်းချနေကြပြီး ပြည်သူတွေဝယ်ယူရခက်ခဲနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။