Connect with us

Hi, what are you looking for?

သတင်း

ဘုတ်ပြင်းတိုက်ပွဲ စစ်တပ်အလောင်း ၄လောင်းနဲ့ လက်နက် ၃လက်ရဟု KNLA တပ်မဟာ(၄)ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်ကဆောမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်း(ဘုတ်ပြင်းမြို့နယ်အတွင်း)မှာ စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်အချို့ သိမ်းရခဲ့ကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

(ဘုတ်ပြင်းတိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - KNU-MTD)

မတ်-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် လယ်ကဆောမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်း(ဘုတ်ပြင်းမြို့နယ်အတွင်း)မှာ စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်အချို့ သိမ်းရခဲ့ကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

လယ်ကဆောမြို့နယ်အတွင်းရှိ လေညာ-ရတနာပုံလမ်းပိုင်း မိုင်တိုင်(၅)မိုင်အနီးမှာ ဒီကနေ့ မတ်လ ၉ရက်မနက်က တိုက်ပွဲဖြစ်ပွားမှုကို KNU မြိတ်ထားဝယ်ခရိုင်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

စစ်ကြောင်းထိုးဝင်‌ရောက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ခမရ (၅၅၉)၊ (၅၆၀)၊ (၃၅၈)နဲ့ (၂၂၄) တပ်ရင်းတွေ ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းကို KNLA တပ်မဟာ(၄)၊ တပ်ရင်း(၂၀၃) နဲ့ တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲ့ အကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၄ဦး သေဆုံးပြီး (၁၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ တော်လှန်ရေးနယ်မြေထဲကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ခဲ့တာလို့ တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

” အဓိကတော့ ရတနာပုံရဲ့ နယ်စပ်မှာ တပ်စခန်းတခုရှိသေးတယ်။ အဲဒီ တပ်စခန်းတခုကို သူတို့ အင်အားဖြည့်ဖို့လည်း ရည်ရွယ်ချက်ရှိတာပေါ့။ အင်အားဖြည့်ဖို့ရှိသလို ရိက္ခာတွေ ပို့ဆောင်ပေးဖို့ စကစ ပူးပေါင်းစစ်ကြောင်းကနေ စစ်ကြောင်းထိုးတာပေါ့။..။သူတို့ စစ်ကြောင်းက ၅မိုင်အထိပဲ ရောက်နေတယ်။ အဲဒီ ၅မိုင်အထိပဲ ရောက်တော့ အခုလို ထိခိုက်ဒဏ်ရာရ များတော့ ၁၀ဦးအထက် ဒဏ်ရာရရှိတယ်။ လေးဦးတော့ သေဆုံးတယ်။ လေးဦးတော့ အလောင်းရရှိတာပေါ့။လက်နက်ကတော့ သုံးလက်ပေါ့။ တလောင်းကျတော့ လက်နက်မပါဘူး”လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပါထံမှ MA1(၁)လက်၊ MA3(၂)လက်နဲ့ ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်းလည်း KNU မြိတ်ထားဝယ်ခရိုင်က ဓာတ်ပုံမှတ်တမ်း ဖော်ပြအသိပေးထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရှေ့ဆက်မတိုင်းနိုင်ဘဲ လေညာဘက်ကို ပြန်ဆုတ်သွားတဲ့ အခြေအနေရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

KNLA တပ်မဟာ(၄) တပ်ရင်းတပ်ဖွဲ့တွေဟာ ကစယ်ဒို(သရက်ချောင်း)မြို့နယ်မှာလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နဲ့အတူ စစ်ရေးဖော်ဆောင်နေတဲ့ ထီးဆဲ့မယ့်ယွား စစ်ကြောင်းဟာ KNLA လက် အောက်ခံတပ်အဖြစ် ပူးပေါင်းလာကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မဟာ(၄)နယ်မြေ၌ ဗျူဟာစခန်းကို ပထမဆုံးသိမ်းပိုက်ခြင်းဖြစ်