Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မတရား ပြစ်ဒဏ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မမေ့လျော့သေးတဲ့အတွက်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားတဲ့အတွက်၊ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အချိန်ထိ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ကြောင်း အာဏာသိမ်း စစ်တပ်က သက်သေပြဖို့ တောင်းဆိုနေတဲ့ Proof of Life လှုပ်ရှားမှုကို...

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ဒီနေ့ (အောက်တိုဘာ ၂၉ရက်) ညနေပိုင်းမှာ စစ် ကောင်စီတပ်က ဖမ်းဆီးပေါ်တာဆွဲနေပြီး အလုပ်ပြန်လာသူတွေအပါအဝင် လူငယ် ၁၀ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ကမိုးကုတ်၊မိုးမိတ်က ဆုတ်ခွာမယ်လို့ စစ်ကောင်စီ နဲ့ သဘောတူ အပစ်ရပ်စဲခဲ့ ဒီကနေ့ အောက်တိုဘာ ၂၉ရက်မှာ မိုးကုတ်ဗျူဟာ က မိုးကုတ်မြို့ကို ချစ်တဲ့ ပြည်သူတွေကို ရည်ညွှန်းတဲ့ ကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးခရီးမှာ ဘယ်လိုအခက်အခဲ ကြုံကြုံ ဆက်လက်တိုက်ပွဲဝင်မယ်လို့ အသိပေးခဲ့ပါတယ်။

သတင်း

တော်လှန်ရေးတိုက်ပွဲတွေအတွင်းမှာ အသက်ခန္ဓာပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှု အလဟသမဖြစ်ဖို့လိုတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က တပ်တည်ထောင်တဲ့ (၁)နှစ်ပြည့် မိန့်ခွန်းအနေနဲ့ ဒီကနေ့(အောက်တိုဘာ ၂၉ ရက်)ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီနဲ့တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA) တို့ အပစ်ရပ်စဲပြီး မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းမြောက် မိုးမိတ်မြို့​တွေက​နေ TNLA တပ်တွေ ဆုတ်ခွာဖို့ သဘောတူညီခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDFက ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ မိတ်ဖက်​တော်လှန်​ရေးအင်အားစု​တွေနဲ့လက်တွဲပြီးအစွမ်းကုန် လုပ်ဆောင်မယ်လို့ ကြေညာပါတယ်။

သတင်း

အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းမိခဲ့ပြီး လက်နက်​တွေယူပြီးထွက်ပြေးသွားတဲ့စစ်သုံ့ပန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လိုက်လံဖမ်းစီစဉ် တိုက်ပွဲဖြစ်ပြီး ထွက်​ပြေးစစ်သားအချို့သေဆုံးခဲ့သလို၊အရှင်ပြန်ဖမ်းမိသူတွေလည်းရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာရုံတင်နေတဲ့ ဗြောသံ ရုပ်ရှင်ကို ပြည်သူတွေက Boycott ပြုလုပ်ထားတာကြောင့် ကြည့်ရှုသူမရှိဖြစ်နေပြီး ဗြောသံကို ကြော်ငြာပေးတဲ့ အွန်လိုင်းဆယ်လီတွေကိုလည်း Boycott ပြုလုပ်ခံနေရပါတယ်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် လေးမိုင်ရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိအပါအဝင် ထိခိုက်သေဆုံးရှိနိုင်သလို တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော် ၁ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ထန်းတပင်မြို့နယ် တိုက်ပွဲမှာ စစ်တပ်ရဲ့ ဒရုန်းတစ်စီးကိုပစ်ချနိုင်ခဲ့တယ်လို့တောင်ငူခရိုင်အမှတ်(၂ )တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရပြီးနောက် တံတားပတ်ဝန်းကျင်ကိုစစ်တပ်ကတနေ့လုံးလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook