Connect with us

Hi, what are you looking for?

သတင်း

မုန်တောင်ရဲစခန်းကို PDFက ၁၅မိနစ်ကြာတိုက်ခိုက်ပြီး သိမ်းပိုက်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အနောက်ပိုင်းမှာ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီရဲ့ မုန်တောင်ရဲစခန်းကို ၁၅ မိနစ်ကြာ တိုက်ခိုက်ပြီး သိမ်းနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း ရဲဘော်တွေနဲ့ သိမ်းဆည်းရရှိတဲ့ ပစ္စည်းတွေ၊ စစ်ကောင်စီရဲအသုံးအဆောင်တချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - မင်းဘူးခရိုင် တပ်ရင်း-၆

ဇန်နဝါရီ-၃၀၊၂၀၂၆။သတိုး/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အနောက်ပိုင်းမှာ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီရဲ့ မုန်တောင်ရဲစခန်းကို ၁၅ မိနစ်ကြာ တိုက်ခိုက်ပြီး သိမ်းနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

“၁၅ မိနစ်အတွင်းသိမ်းနိုင်တာက ရန်သူဘက်ကပြန်လည်ပစ်ခတ်တာ မလုပ်နိုင်ပါဘူး။ သေနတ်စပစ်ရုံနဲ့ပြေးသွားတာဆိုတော့ ကျွန်တော်တို့ဘက်က ‌ပစ်တာပဲရှိတယ်။သူတို့ဘက်က ပြန်လည်ပစ်ခတ်တာမရှိပါဘူး”လို့ ‌ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို ဇန်နဝါရီ ၁၆ ရက် နံနက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်မှာ ရဲ ၂ဦးထိ‌ခိုက်ဒဏ်ရာရတယ်ကြားပေမယ့် အတည်မပြုနိုင်ဘူးလို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ရဲစခန်းက ပြည်သူတွေကို အနိုင်ကျင့်တယ်ဆိုတာ အဲဒီ့ဘက်ခြမ်းကတိုင်တာတွေလည်းရှိတယ်။ ရှိတဲ့အတွက် အထက်အဆင့်ဆင့်ကိုတင်ပြီး မင်းဘူးခရိုင်စစ်ဌာန ကွပ်ကဲမှုနဲ့ တိုက်တဲ့ပွဲပါ”လို့ အဲဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

မုန်တောင်ရဲစခန်းက ရဲတွေဟာ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ငွေညှစ်တာတွေ ဖမ်းဆီးတာတွေ နဲ့ လူငယ်တွေကို ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတာလို့ဆိုပါတယ်။

ရဲစခန်းအတွင်းက ရဲအသုံးအဆောင် အချို့နဲ့ ပြည်သူတွေဆီကမတရားလုယက်ထားတဲ့ ပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ်(၆)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကြောင်းတွေလာတယ်။ မင်းဘူးဘက်ကနေ ရှစ်နာရီလောက်မှာ ကားဆယ်စီးနဲ့ အင်အားတွေထပ်တိုးထားတာ။ အခုတော့ အဲဒီ့ဘက်တကြောမှာ မင်းဘူးကိုဝင်နိုင်တဲ့ မင်းလှတို့ ငဖဲတို့ဘက်ကဝင်နိုင်တဲ့လမ်းကြောင်းတွေမှာ ဂိတ်တွေထပ်တိုးချထားတာတွေရှိတယ်”လို့ တိုက်ခိုက်မှုအပြီး မြေပြင်အခြေအနေကို ရှင်းပြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။