Connect with us

Hi, what are you looking for?

သတင်း

ကပစ(၁၈)က ဗိုလ်ကြီးနဲ့အဖွဲ့လိုက်ပါတဲ့ အိမ်စီးကား တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း ၊တောင်တွင်းကြီးမြို့နယ်မှာ အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၁၈)က ဗိုလ်ကြီးနဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ ကားကို ကြားဖြတ်တိိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ-၃၁၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း ၊တောင်တွင်းကြီးမြို့နယ်မှာ အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၁၈)က ဗိုလ်ကြီးနဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ ကားကို ကြားဖြတ်တိိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား အဏ္ဏဝါ၊ဖိုးကာနဲ့ နောက်တစ်ဦး သေဆုံးပြီး ကပစ (၁၈)က ဗိုလ်ကြီးသက်ထွန်း နဲ့ တပ်သားနှစ်ဦးက ပြင်းထန်ဒဏ်ရာတွေနဲ့ မကွေးစစ်ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

အခု ဇန်နဝါရီ၂၉ရက် ညနေပိုင်းက ဗိုလ်ကြီးသက်ထွန်းအပါအဝင် စစ်သား၆ဦးလိုက်ပါလာတဲ့ မက်(ခ်)တူး အိမ်စီးကားအဖြူရောင်ကားကို ထောက်ကြံ့ကွင်းဂိတ်ကနေ ပျဥ်းချောင်းကျေးရွာ​ကို အပြန်လမ်းပိုင်းတနေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ပျဥ်းချောင်းကျေးရွာမှာ စစ်တပ်အထိုင်ချတပ်ဆွဲတဲ့ဂိတ်စခန်းကို ဗိုလ်ကြီးသက်ထွန်း ဦးဆောင်သူဖြစ်တယ်လို့ သိရပါတယ်။

“ကပစ(၁၈)က။ပျဥ်းချောင်းမှာ တပ်စွဲထားတာက အာဏာစသိမ်းကတည်းကပဲ။ကားကတော့ စကာပေါက်ဖြစ်သွားတယ်”လို့ အထက်ပါတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)၊မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မကွေးတောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

အခု ဇန်နဝါရီ ၁၄ရက်ကလည်း တောင်တွင်းကြီးမြို့နယ်မှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ စစ်တပ်တိုက်ခိုက်ခဲ့မှုမှာ စစ်ကောင်စီတပ်သား လေးဦးသေပြီး လက်နက်တွေရခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေက မကွေးတိုင်းထဲမှာ မကွေးခရိုင်အပြင် သရက်ခရိုင်၊ပခုက္ကူခရိုင်၊မင်းဘူးခရိုင် နဲ့ ဂန့်ဂေါခရိုင် တွေမှာ သက်ဆိုင်ရာခရိုင် စစ်ဌာနစစ်တပ်ရဲ့ ကင်းစခန်း၊ဂိတ်စခန်းတွေ တိုက်ခိုက်ခံနေရပါတယ်။

ဇန်နဝါရီ ၈ရက်မှာ ဆင်ပေါင်ဝဲမြို့နယ်က ရန်ကုန်-မန္တလေး အမှတ် ၁ ကားလမ်းပိုင်း ဘေးမှာရှိတဲ့ စစ်တပ် ကာကင်းစခန်းသုံးခုကို ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီး လက်နက်တွေနဲ့ ခဲယမ်းအချို့ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။