Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကာလ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၇၀ ကျော်သေဆုံး

ရွေးကောက်ပွဲ ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ အနှံ့မှာ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

(ကချင်ပြည်နယ် ၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းတို့မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ​သေဆုံးခဲ့သူ​တွေနာ​ရေ ၊​သေဆုံးခဲ့သူနဲွပျက်ဆီးမှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ ၊AA Info Desk)

ဇန်နဝါရီ-၃၁၊ ၂၀၂၆။ People’s Spring

ရွေးကောက်ပွဲ ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ အနှံ့မှာ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံတကာ အသိအမှတ် ပြုမှုကို ရရှိဖို့ အားထုတ်မှု တစ်ခုအဖြစ် ကုလသမဂ္ဂက အတုအယောင် ရွေးကောက်ပွဲလို့ သတ်မှတ်ထားတဲ့ မဲပေးမှုတွေကို သီတင်း လေးပတ်အတွင်း သုံးသုတ်ခွဲပြီး ကျင်းပစေခဲ့ပါတယ်။

အဲဒီ ရွေးကောက်ပွဲ ကာလ လေးပတ်အတွင်း စစ်တပ်ဟာ နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေခဲ့ပြီး အရပ်သား သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီဇင်ဘာ လကုန်ပိုင်းကနေ ပြီးခဲ့တဲ့ သီတင်းပတ်အထိ ကာလအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၄၀၈ ကြိမ်လောက် ရှိခဲ့ပြီး ၁၇၀ ကျော် သေဆုံးခဲ့တယ် ဆိုတာကို ယုံကြည် စိတ်ချရလောက်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရှိထားတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲကိုတော့ ကုလသမဂ္ဂရော၊ နိုင်ငံအများအပြားနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အတုအယောင် တစ်ခုအဖြစ် ရှုတ်ချထားပါတယ်။ ပြီးတော့ ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ကပဲ နေရာအများစုမှာ အနိုင်ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ပြီးတော့ အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် တော်လှန်မှုတွေကြောင့် မြို့နယ် တော်တော်များများမှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ဒီမိုကရေစီ အင်အားစု အများအပြားကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်တာ၊ ဒါမှမဟုတ် ဖိအားပေး ဖျက်သိမ်းခံရတာတွေကြောင့် မပါဝင်ခဲ့ကြပါဘူး။

မြန်မာ့နိုင်ငံရေး အကဲခတ်တွေကတော့ စစ်တပ်ဟာ အများအမြင်မှာ အာဏာစွန့်ပေးလိုက်ပြီး လက်ဝေခံ ပါတီကနေတဆင့် နိုင်ငံကို ဆက်လက် ထိန်းချုပ်ဖို့ စီမံထားကြောင်း သုံးသပ်ထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်ကတော့ ရွေးကောက်ပွဲဟာ စစ်တပ်အလိုကျ ခြယ်လှယ်ထားတဲ့ အခင်းအကျင်း တစ်ခုအဖြစ် သူ့ရဲ့ ထုတ်ပြန်ချက် တစ်ခုမှာ ရည်ညွှန်း သုံးနှုန်းသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအသုတ် မဲပေးမှုတွေ စတင်စေခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အဆုံးသတ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ အင်အားစုတွေနဲ့ တိုင်းရင်းသား ပါတီတချို့ ကင်းမဲ့နေခဲ့တာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁၇၀ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောပေမယ့် မြေပြင်အခြေအနေမှာ အဲဒီထက် ပိုများတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဌာန အကြီးအကဲ ဂျိမ်းစ် ရုဒ်ဟေဗာက မှတ်ချက်ပေးခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရဲ့ တချို့ အစိတ်အပိုင်းတွေမှာ ဆက်သွယ်ရေးနဲ့ အင်တာနက် ကွန်ရက်တွေ ဖြတ်တောက်ထားသလို တချို့ကိစ္စတွေမှာတော့ နစ်နာသူတွေက အခြေအနေမှန်တွေကို ထုတ်မပြောရဲတာမျိုးတွေ ရှိနေတယ်လို့လည်း ဟေဗာက ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။