Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ စစ်တပ်သံချပ်ကာယာဉ် KIA ထပ်မံဖျက်ဆီးဟု ကချင်သတင်းရင်းမြစ်ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ သံချပ်ကာယာဉ် ၁စီးကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်တွေက ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း သံချပ်ကာတပ်ရင်း အမှတ် (၇၀၀၆)နဲ့ သံချပ်ကာယာဉ် ၇စီးကို ၂၀၁၅ ဇန်နဝါရီ ၂၅ ရက်က သိမ်းဆည်းရစဉ်။ဓာတ်ပုံ − Kachin News Group

ဇန်နဝါရီ-၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ သံချပ်ကာယာဉ် ၁စီးကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထပ်မံဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်တွေက ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း သံချပ်ကာတပ်ရင်း အမှတ် (၇၀၀၆)နဲ့ သံချပ်ကာယာဉ် ၇စီးကို ၂၀၁၅ ဇန်နဝါရီ ၂၅ ရက်က သိမ်းဆည်းရစဉ်။ဓာတ်ပုံ − Kachin News Group

ဇန်နဝါရီ ၂၈ရက် တိုက်ပွဲမှာ စစ်တပ်ရဲ့ သံချပ်ကာယာဉ်ကို ဖျက်ဆီးနိုင်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဗန်းမော်မှာ သံချပ်ကာ ကုန်သွားပြီ” လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီ တပ်စွဲရာ နေရာအချို့ KIA သိမ်းပိုက်နိုင်မှု၊သံချပ်ကာယာဉ် ဖျက်ဆီးနိုင်မှု တို့နဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲပါ။

KIA အနေနဲ့ဗန်းမော် မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာလဆန်းကစတင်ခဲ့ရာ ၂၀၂၅ ဇန်နဝါရီ ၂၅ ရက်က ၇၀၀၆ သံချက်ကာ တပ်ရင်းကို သိမ်းပိုက်စဉ် သံချပ်ကာယာဉ် ၇စီး သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အဲဒီတုန်းက အသိပေးထားပါတယ်။

အဲဒီမတိုင်ခင် မိုးမောက်မြို့သိမ်းစစ်ဆင်ရေးတွေမှာလည်း KIA အနေနဲ့ စစ်ကောင်စီ သံချပ်ကာယာဉ်တွေကို ဖျက်ဆီးနိုင်တာ၊ သိမ်းပိုက်ရရှိတာတွေရှိခဲ့ပါတယ်။

၂၀၂၅ မေလကလည်း ဗန်းမော်မြို့ကို ရဟတ်ယာဉ် ၃စီးနဲ့ စစ်အင်အား ဖြည့်တင်းဖို့ ကြိုးစားလာတာကိုလည်း KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ရဟတ်ယာဉ် ၂စီး ပျက်ကျအောင် ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ကို ရေကြောင်းက စစ်သင်္ဘောနဲ့ စစ်အင်အားခဲယမ်း ဖြည့်တင်းဖို့ စစ်ကောင်စီဘက်က ကြိုးစားလာမှုကိုလည်း KIA ဘက်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ အပါအဝင် စစ်ကောင်စီ ရေယာဉ်တွေပျက်စီးနစ်မြုပ်မှုတွေရှိခဲ့ပါတယ်။

KIA အနေနဲ့ ၂၀၂၅ ဇန်နဝါရီက ရှမ်းမြောက် နမ့်ဖက်ကာ တိုက်ပွဲမှာ စစ်ကောင်စီ တိုက်လေယာဉ်ပျက်ကျအောင် ပစ်ချနိုင်ခဲ့သလို မိုးမောက်၊ ဝိုင်းမော်မြို့နယ်တွေမှာလည်း စစ်ကောင်စီ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း ဗန်းမော်၊ ဝိုင်းမော်နဲ့ တနိုင်းဒေသမှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကချင်ပြည်နယ် နေရာဒေသအချို့မှာလည်း စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။