သတင်း ပလမြို့အနီးကို စစ်တပ် လေကြောင်းတိုက်ခိုက် တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့နဲ့ မင်းပြင်ရွာကြားကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။ ludunwayooအောက်တိုဘာ 3, 2025
သတင်း လူနဲ့ လက်နက်ခဲယမ်းအင်အားမမျှလို့ ကျောက်မဲမြို့က ခေတ္တဆုတ်ပေးလိုက်ရလို့TNLA ပြော ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးလိုက်ရပြီး လူအင်အားနဲ့ လက်နက်ခဲယမ်း မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့ တအာင်းတပ်မတော်(TNLA)က ပြောကြားပါတယ်။ ludunwayooအောက်တိုဘာ 3, 2025
သတင်း ချောင်းဦးမှာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ် ပြုလုပ် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ဆိုင်ကယ်သပိတ်ကို အောက်တိုဘာ ၁ရက်က ပြုလုပ်ခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 3, 2025
သတင်း မန်း တက္ကသိုလ်ရာပြည့်ပွဲကို စစ်ကောင်စီခေါင်းဆောင်လာရောက်ဖို့ရှိတာကြောင့် မြို့အနှံ စစ်ဆေးနေ မန္တလေးတက္ကသိုလ် ရာပြည့်ပွဲကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ရောက်မှာဖြစ်တဲ့အတွက် မြို့ရဲ့နေရာအနှံ့မှာ ဒီနေ့ အောက်တိုဘာလ ၂ ရက်ကစတင်ပြီး စစ်တပ်ကပိတ်ဆို့ ရှာဖွေစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ludunwayooအောက်တိုဘာ 3, 2025
သတင်း စစ်မှုထမ်းလူငယ်တွေရတဲ့နည်းနဲ့ အလင်းဝင်ကြဖို့ KYO ခေါင်းဆောင်တိုက်တွန်း အာဏာသိမ်းစစ်ကောင်စီတပ်အတွင်း နည်းမျိုးစုံနဲ့ ရောက်နေတဲ့ လူငယ်တွေ ရတဲ့နည်းနဲ့ တော်လှန်ရေးဘက် ပူးပေါင်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်ကရင်လူငယ်အစည်းအရုံး(KYO) အတွင်းရေးမှူး စောအယ်ထီးကော်က တိုက်တွန်းပြောပါတယ်။ ludunwayooအောက်တိုဘာ 3, 2025
သတင်း တန့်ဆည်နယ်က ပျူစောထီးခေါင်းဆောင်တစ်ဦးကို PDF ဖမ်းမိ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီး ဒေသတွင်းမှာ အန္တရာယ်ကြီးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦးကို အရှင်ဖမ်းမိထားတယ်လို့ တန့်ဆည် PDF ဆီကနေ သိရပါတယ်။ ludunwayooအောက်တိုဘာ 3, 2025
သတင်း မြဝတီရဲမှူး ဦးနှောက်သွေးကြောပြတ် သေဆုံး တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးဟာ မနေ့ညက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ မြဝတီမြို့ခံတချို့က အတည်ပြုပါတယ်။ ludunwayooအောက်တိုဘာ 3, 2025
သတင်း ထိုင်းနိုင်ငံဖွား ရှမ်းလူငယ်အချို့ ဂိုဏ်းဖွဲ့ပြီး ခိုက်ရန်ဖြစ်ပွားတဲ့လုပ်ရပ်ကို ဆန့်ကျင်တယ်လို့ RCSS ဆို ထိုင်းနိုင်ငံရဲ့မြို့ကြီးတွေမှာထိုင်းနိုင်ငံဖွားရှမ်းလူငယ်အချို့ ဂိုဏ်းဖွဲ့ပြီး ရိုက်နှက်တာ ၊ ခိုက်ရန်ဖြစ်ပွားတဲ့လုပ်ရပ်တွေကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဆန့်ကျင်တယ်လို့ ဒီနေ့ အောက်တိုဘာလ ၂ ရက်မှာကြေညာချက်ထုတ်လာပါတယ်။ ludunwayooအောက်တိုဘာ 3, 2025
သတင်း စစ်တပ်ကနမ္မတူမြို့ကို ဗုံးကြဲ၊ ပြည်သူ သုံးဦးသေပြီး ၆ဦးဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ မန်တုံမြို့ကို ဒီနေ့အောက်တိုဘာ ၂ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာမှာအရပ်သားသုံးဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် ခြောက်ဒဏ်ရာရခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 3, 2025
သတင်း မဲရုံလုံခြုံရေးအစောင့်အဖြစ် အသုံးပြုဖို့ မန္တလေးမှာ စာရင်းကောက်ခံနေ လာမယ့်ဒီဇင်ဘာလကုန်ပိုင်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲရုံလုံခြုံရေးအတွက် အသုံးပြုဖို့ ရပ်ကွက်အလိုက် စာရင်းကောက်တာတွေ မန္တလေးမှာ ရှိလာပြီလို့ မြို့ခံတွေဆီကသိရပါတယ်။ ludunwayooအောက်တိုဘာ 3, 2025