Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ အမှတ်(၈၀၅)၊ထနောင်းစစ်ကြောင်းက ဒီကနေ့(ဒီဇင်ဘာ ၃၁ရက်) ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ထနောင်းစစ်ကြောင်း၊တပ်ရင်းအမှတ်(၈၀၅)က ရဲဘော်တွေနဲ့ စစ်သုံ့ပန်း သုံးဦး။ ဓာတ်ပုံ - တပ်ရင်း 805 - Nay Pyi Taw PDF

စစ်သုံ့ပန်း သုံးဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရ

ဒီဇင်ဘာ-၃၁၊၂၀၂၅။ဇော်ဝင်း/People’s Spring

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ အမှတ်(၈၀၅)၊ထနောင်းစစ်ကြောင်းက ဒီကနေ့(ဒီဇင်ဘာ ၃၁ရက်) ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အိုးမြေတူးကျေးရွာမှာ အင်အား(၆၀)ဝန်းကျင်နဲ့ အထိုင်တပ်စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇသ်ဘာ ၃၀ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုက တပတ်အတွင်း ရေတာရှည်မြို့နယ်ရဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၊အနောက်ဘက်ခြမ်းက စစ်တပ်စခန်းတွေ နှစ်ကြိမ်မြောက်တိုက်ခံရတာ ဖြစ်ပါတယ်။

မနေ့ကတိုက်ခိုက်မှုမှာ အိုးမြေတူးကျေးရွာအထိုင်စခန်းနဲ့ ကျေးရွာအတွင်းက ကင်းစခန်းအားလုံးကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အထိနာ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ အသိပေးပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရစစ်သားတွေက စစ်တောင်းမြစ် အနောက်ဖက်ကမ်းကို ထွက်ပြေးသွားခဲ့ပြီး စစ်သုံ့ပန်း သုံးဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ထနောင်းစစ်ကြောင်း၊ အမှတ် (၉၀၁)တပ်ရင်း နေပြည်တော် PDFနဲ့ သံတောင်မြောက်ပိုင်းအဖွဲ့က ရဲဘော်တစ်ဦးကျဆုံးပြီး ဒဏ်ရာရသူငါးဦး ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အထိုင်စခန်းကနေ 60မမ(၁)လက်၊MA -13(၁)လက်၊RPGသီး (၆)လုံး၊ပို့ယမ်း (၉)ခု၊MA -13ဘောက် (၃)ဘောက်၊9mm ကျည်အချို့၊60သီး (၂)လုံး၊5.56ကျည်တချို့၊ရှေ့ထွက်မိုင်း (၅)လုံး၊စစ်သုံးပစ္စည်းတချို့၊ ဆိုလာ ဘတ္ထရီတွေ သိမ်းရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က စစ်ကူအင်အားတွေ ဖြည့်ပြီး ပြန်လည်တိုးဝင် လာတာကြောင့် တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထနောင်းမြေစစ်ကြောင်းက ဆိုပါတယ်။

” စစ် သုံးစစ်(စစ်အစိုးရ၊စစ်အုပ်စု၊စစ်အုပ်စုယန္တရား)အမြစ်ပြတ်ရေး အတွက် စစ်ရေး အရှိန်တွေ ထပ်မံ မြင့်တင်မယ်” လို့ ထနောင်း​မြေစစ်ကြောင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

အဲဒါကြောင့် စစ်တောင်းမြစ်ကမ်းက ကျေးရွာနေ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိရှိ နေထိုင်သွားလာကြဖို့ တိုက်တွန်းပါတယ်။

အခု ဒီဇင်ဘာ ၂၃ရက်ကလည်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းက စစ်ကောင်စီတပ် အထိုင်စခန်းတွေနဲ့ မဲရုံနေရာတွေကို နေပြည်တော် PDF တပ်ရင်းတွေ တိုက်ခိုက်ရှင်းလင်းခဲ့တာရှိပါတယ်။အဲဒီ တိုက်ပွဲက သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားအလောင်းတချို့ကို စစ်တောင်းမြစ်ထဲမှာ ဒေသခံတချို့က တွေ့ရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လက်နက်နဲ့ သုံ့ပန်းအချို့ရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF)အထူးလှုပ်ရှားတပ်မက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ထက်၀က်ကျော် ပြန်မိထားတယ်လို့ ဒေသခံနဲ့စစ်ရေးတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တိုက်ပွဲ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေမှာ စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook