Connect with us

Hi, what are you looking for?

သတင်း

ထိုင်ဝမ်ကို ပတ်လည်ဝိုင်းပြီး တရုတ် စစ်ရေးလေ့ကျင့်နေမှုကို ထရမ့် မစိုးရိမ်

ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး တရုတ်က အင်အားပြ စစ်ရေးလေ့ကျင့်နေပေမယ့် ဒီကိစ္စကို ဘာမှ မစိုးရိမ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး တရုတ်က အင်အားပြ စစ်ရေးလေ့ကျင့်နေပေမယ့် ဒီကိစ္စကို ဘာမှ မစိုးရိမ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့ကစလို့ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ အများအပြားနဲ့ စစ်ရေးလေ့ကျင့်နေပါတယ်။ ဒါဟာ အမေရိကန်က ထိုင်ဝမ်ဆီ ဒေါ်လာ ၁၁ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချပေးဖို့ သဘောတူလိုက်ပြီး ရက်ပိုင်းအကြာမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေပါ။

သတင်းထောက်တွေက ဒီအကြောင်းကို မေးတဲ့အခါ ထရမ့်က တရုတ် စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ဘာမှ မစိုးရိမ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အဲဒီအစား သူက တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ပုဂ္ဂိုလ်ရေး ခင်မင်မှု အကြောင်းကိုသာ အလေးပေး ပြောဆိုသွားခဲ့ပါတယ်။

သူနဲ့ ရှီနဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေကြောင်း၊ ရှီက စစ်ရေးလေ့ကျင့်မှု ကိစ္စ ဘာမှ မပြောခဲ့ကြောင်း၊ ပြီးတော့ သူ့အနေနဲ့ စိုးလည်း မစိုးရိမ်ကြောင်း၊ ထိုင်ဝမ်တဝိုက်မှာ တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာ နှစ် ၂၀ လောက် ကြာခဲ့ပြီးဖြစ်ကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုမျိုးကိုသာ လိုလားနေပါတယ်။

တရုတ်စစ်တပ်ကတော့ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းတဲ့ စစ်ရေးလေ့ကျင့်မှုမှာ လက်နက်ခဲယမ်း ကျည်အစစ်တွေ အသုံးပြု ပစ်ခတ်မှုတွေ ပါဝင်မယ်လို့ ကြေညာထားပြီး ထိုင်ဝမ်မှာရှိတဲ့ ခွဲထွက်ရေးဝါဒီတွေကို သတိပေးဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဒေါ်လာ ၁၁ ဘီလီယံတန် စစ်လက်နက် အရောင်းအဝယ် သဘောတူညီမှု အကြောင်းကို အမေရိကန်ရော၊ ထိုင်ဝမ်ကပါ ပူးတွဲ ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်က ထိုင်ဝမ်ဆီ ပမာဏ အများဆုံး လက်နက် ရောင်းချမှု သဘောတူ စာချုပ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

တရုတ် အစိုးရက အဲဒီ လက်နက် အရောင်းအဝယ် ကိစ္စကို အပြင်းအထန် ကန့်ကွက်ခဲ့သလို အမေရိကန် ကာကွယ်ရေး နည်းပညာ ကုမ္ပဏီ တချို့ကို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ကျင့်သုံးပြီး တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook