ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲ ရာထူးနေရာအတွက် အမျိုးသမီး တစ်ဦးကို တရုတ်က အဆိုပြုလိုက်ပါတယ်။
လေ့လာသူတွေကတော့ ကုလသမဂ္ဂ (UN)ရဲ့ အကြီးမားဆုံး ကျန်းမာရေး အေဂျင်စီကနေ အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း တရုတ်ဟာ WHOမှာ ပိုပြီး ခိုင်မာထိရောက်တဲ့ လွှမ်းမိုးမှုမျိုး တည်ဆောက်ဖို့ ကြိုးစားလာနေတာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။
တရုတ်ဟာ မီးယပ်နဲ့သားဖွား ဆေးပညာ ပါရဂူ ဆောင်လိကို WHO အကြီးအကဲ ရာထူးနေရာအတွက် ထည့်သွင်း စဉ်းစားနိုင်အောင် အဆိုတင်ထားကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်းက အောက်တိုဘာ ၈ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အခုလို အဆိုပြုတာဟာ တရုတ်က နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆက်လက် ယုံကြည်ကြောင်း ပြသခြင်းဖြစ်ပြီး WHOကိုလည်း လူသားတွေရဲ့ ကျန်းမာရေးအတွက် ကူညီစောင့်ရှောက်မှုတွေမှာ ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီနိုင်အောင် အားပေး ပံ့ပိုးသွားမှာ ဖြစ်တယ်လို့ မော်က ဆိုပါတယ်။

Public Service Announcement
ဆောင်လိဟာ လာမယ့်နှစ်၊ ဩဂုတ်လကျရင် ရာထူးသက်တမ်း ကုန်ဆုံးမယ့် WHO အတွင်းရေးမှူးချုပ် ဒေါက်တာ တက်ဒ်ရို့စ် အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်ရဲ့ နေရာကို ဆက်ခံဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဂျီဘရီးဆက်စ်ကတော့ သတ်မှတ်ရာထူးသက်တမ်း နှစ်ကြိမ် ပြည့်သွားပြီး ဖြစ်တာကြောင့် ထပ်ပြီး အရွေးချယ်ခံပိုင်ခွင့် မရှိတော့ပါဘူး။
တရုတ်ရဲ့ ထိပ်တန်း ကျန်းမာရေး ပညာရှင် တစ်ဦးဖြစ်တဲ့ ဆွန်ဟာ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်ရဲ့ အမျိုးသမီးနဲ့ ကလေး ကျန်းမာရေးဌာနကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ ပြီးတော့ သူဟာ တရုတ်မှာ အမျိုးသမီးနဲ့ ကလေး ကျန်းမာရေးဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေ ရေးဆွဲရာမှာလည်း ရှေ့တန်းကနေ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
WHO အကြီးအကဲ ရာထူးကို ဆက်ခံဖို့ စက်တင်ဘာ ၂၄ ရက်နေ့ထိ လျှောက်လွှာ လက်ခံထားပါတယ်။ ဆွန်ဟာ ဂျီဘရီးဆက်စ်ရဲ့ နေရာကို လွှဲပြောင်းယူဖို့ အလားအလာ အကောင်းဆုံး အဆိုပြုသူတစ်ယောက် ဖြစ်လာဖွယ် ရှိနေပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် WHO အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို နုတ်ထွက်ခဲ့တာပါ။ တရုတ်ဟာ WHOကို တရုတ်ရဲ့ ရုပ်သေးအဖွဲ့အစည်းလို့ ကာလရှည်ကြာ စွပ်စွဲခဲ့ပြီး အထူးသဖြင့် ကိုဗစ်ကပ်ရောဂါ ကာလတွေမှာ WHOဟာ တရုတ်ကို ဘာမှ မလွန်ဆန်ရဲဘူးလို့ ထရမ့်က အပြစ်တင်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ တရုတ်အစိုးရက WHOရဲ့ ဖွဲ့စည်းပုံ လျော့နည်း အားယုတ်လာခြင်းမှာ ထရမ့်ရဲ့ လှုံ့ဆော်မှုတွေကလည်း တာဝန်ရှိကြောင်း ဝေဖန်ထားဖူးပါတယ်။
ကိုးကား: AFP



















































