အောက်တိုဘာ-၉၊၂၀၂၆။People’s Spring
အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားပေမယ့် စစ်တပ်စစ်ကြောင်းတွေလန်ကျပြီး အထိနာနေချိန်မှာ AA သိမ်းပိုက်ထားတဲ့ဒေသတွေက ဈေးတွေ၊တံတားတွေ၊စစ်ရှောင်စခန်းတွေ ၊ဆေးခန်းတွေ၊နေအိမ်တွေကိုပါ ပစ်မှတ်ထားပြီးလေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်နေ့ကနေ အောက်တိုဘာ ၈ ရက်နေ့အထိစစ်တပ်က လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်မှာပြည်သူအနည်းဆုံး ၇၈ ဦးသေဆုံးပြီး ၁၂၇ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ လူထုနွေဦးစုဆောင်းထားတဲ့အချက်အလက်တွေအရတွေ့ရှိရပါတယ် ။
သေဆုံးသူတွေမှာ အမျိုးသမီး ၂၂ ဦး ၊အမျိုးသား၄၇ ဦး ၊ကျားမ ခွဲခြားမရသူ ၉ ဦးပါဝင်ပါတယ် ။ မွေးဖို့ရက်ပိုင်းအလိုရင်သွေးငယ်ကနေ ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေအထိ သေဆုံးသူတွေမှာပါဝင်ပါတယ်။စက်တင်ဘာ ၂၈ ရက်မှာကျောက်တော်မြို့နယ်က အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကို ဗုံးကြဲသတ်ဖြတ်မှုမှာ ပြည်သူ ၅၁ ဦးသေဆုံးပြီး ၆၀ ခန့်ဒဏ်ရာရကာလူသေဆုံးဒဏ်ရာရမှုအများဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ စစ်တပ်က အာရက္ခတပ်တော်ကို၂၀၂၅ နှစ်ဆန်းပိုင်းကတည်းကတန်ပြန်ထိုးစစ်ဆင်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်
အကြိမ်ကြိမ် စစ်ရှုံးခဲ့တာကနေ စက်တင်ဘာ ၄ ရက်ကစတဲ့တန်ပြန်ထိုးစစ်မှာလည်းစခန်းတခုမှမသိမ်းနိုင်ဘဲ AA ကစခန်းတွေပြန်သိမ်းနေပါတယ်။ တစ်လကျော်အတွင်းစစ်တပ်က ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့အခြေအနေကို People’s Spring ကအင်ဖိုဂရပ်နဲ့ဖော်ပြပေးထားပါတယ်။

Public Service Announcement



















































